အာဆီယံ ရုပ်သေးပွဲတော် ချင်းမိုင် တက္ကသိုလ်မှာ ကျင်းပမယ်

Monday, February 18, 2013

~


ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က လာမယ့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ (ဇင်းမယ်မြို့) ဒေသတွင်း ရုပ်သေးပွဲတက်ရောက် တင်ဆက်ဖို့ အသင့်ဖြစ်နေပြီလို့ ဧရာဝတီကို ပြောပါတယ်။

(ဓာတ်ပုံများ- အိမ့်သံစဉ်/ဧရာဝတီ)
ထွေးဦးမြန်မာ ပါဝင်မယ့် အာဆီယံ ရုပ်သေးပြပွဲ (၂၀၁၃) ကို  ချင်းမိုင်တက္ကသိုလ်အတွင်းရှိ Art Center မှာ လာမယ့် ဖေဖော်ဝါရီလ ၂၂၊ ၂၃၊ ၂၄ ရက်နေ့တို့မှာ ကျင်းပသွားဖို့ ရှိပါတယ်။ 


ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီက ည ၉ နာရီအထိ တကြိမ်နဲ့ ဖေဖော်ဝါရီလ ၂၃၊ ၂၄ ရက်နေ့တို့ မှာ မနက် ၁၀ နာရီမှ ည ၉ နာရီထိကျင်းပသွားဖို့ ရှိပါတယ်။

အာဆီယံ ၁၀ နိုင်ငံရဲ့ ရုပ်သေး ရုပ်ကလေး 

တွေနဲ့ ရုပ်သေးကဟန်၊ ကကွက်တွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ 


အခုလို အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ ရုပ်သေး အနုပညာကို ထိမ်းသိမ်းမှုနဲ့ပတ်သက်လို့လည်း ချင်းမိုင် တက္ကသိုလ်ကျောင်းသားတွေက ချင်းမိုင်ရဲ့ တနင်္ဂနွေညဈေးမှာ ပုံမှာ တွေ့ရတဲ့အတိုင်း လှုပ်ရှားမှုတွေလည်း လုပ်နေပါတယ်။  










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved