ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ နိုင်/ကျဉ်းဟောင်းများ တွေ့

Wednesday, February 27, 2013

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်အာဖရိက နိုင်ငံက ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ ယမန်နေ့က နိုင်ငံရေး အကျဉ်းသားဟောင်း ၂၀ ခန့်လောက်နဲ့ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှာတွေ့ဆုံခဲ့ပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွေ တွေ့ရတဲ့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ တွေ့ဆုံခဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်တဲ့ 
ဦးဂမ္ဘီရ၊ ဦးဇော်ရဲဝင်း၊ ဦးသန်းမင်း၊ ရွှေသံစဉ် ဦးဝင်းမော်အပါအ၀င် မြန်မာနိုင်ငံကို နိုင်ငံရေး အကျဉ်းသားများ အဓိပ္ပါယ် ဖွင့်ဆို ရေးအတွက် ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP မှ ဦးဘိုကြည်တို့လည်း ပါဝင်ခဲ့ပါတယ်။ 

အဆိုပါ တွေ့ဆုံမှုတွင် ရန်ကုန်ရှိ အမေရိကန် သံအမတ် မစ္စတာ ဒဲရစ်မစ်ချဲလ်လည်း ပါဝင်ကြောင်း သိရသည်။ 

ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်တွေ့ရာ တွင် တောင် အာဖရိက နိုင်ငံ ခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် သမ္မတဟောင်း မင်ဒဲလ်လားလည်း ယခုမြန်မာနိုင်ငံမှာ လုပ်ဆောင်နေသကဲ့သို့  အမျိုးသားပြန်လည် သင့်မြတ်ရေး ခိုင်မာစွာ ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ သို့အတွက် အတိတ်ကို နောက်ကြောင်းမပြန်ပဲ ခွင့်လွှတ်ခြင်း တရားဖြင့် ရှေ့ အနာဂါတ်ကို ဆက်လက်ချီတက်ဖို့ တိုက်တွန်းသွားကြောင်း သိရပါတယ်။ 

 “မင်ဒဲလာလည်း လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့တာဘဲ၊ နိုင်ငံရေးယုံကြည်ချက်ကြောင့် လက်နက် ကိုင်တာကိုလည်း နိုင်ငံရေးအကျဉ်းသားလို့ သူကပြောတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ရွှေသံစဉ် ဦးဝင်းမော်က ဆိုပါ တယ်။ 

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved