မဲဆောက် တီကေ လေးမှာ မီးလောင်မှု ဖြစ်

Saturday, February 16, 2013

ထိုင်း-မြန်မာ နယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့က မြန်မာအလုပ်သမားအများစု အလုပ်လုပ်နေကြတဲ့ TK လေး  ဆိုတဲ့ အထည်ချုပ် စက်ရုံဝင်းအတွင်းမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ 
လောက်က မီးလောင်မှု တခုဖြစ်ခဲ့ပါတယ်။ 




 ဓာတ်ပုံ- အိမ့်သံစဉ် ( ဧရာဝတီ) ~

ထမင်းချက်ပြုတ်ရာမှ အခုလို မီးလောင်မှု ဖြစ်ခဲ့ရာ မဲဆောက်မြို့  မဲ့တောင် ရပ်ကွက်ရှိ  နေအိမ် ၂ ထပ် တန်းလျား ၇ ခု ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ နေအိမ် တန်းလျားတွေဟာ မြန်မာ အလုပ်သမား
တွေ နေထိုင်ကြတာဖြစ်တယ်လို့ အဆိုပါ မီးဘေးသင့် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

မီးလောင်မှုကိုတော့ ၁ နာရီအတွင်း မီးညွှန့်ကျိုးအောင် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထိခိုက် ဒဏ်ရာ ရသူ စာရင်း အတိအကျကို အသေးစိပ် မသိရသေးပါဘူး။


















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved