ဇေကမ္ဘာနဲ့ ရွှေနံ့သာ

Friday, February 8, 2013

ရွှေနံ့သာ စက်မှုဇုန်(၄) ပြဿနာနဲ့ ပတ်သတ်ပြီး လယ်ယာမြေစုံစမ်းရေးကော်မရှင်တွေနဲ့ လယ်သမားတွေ အကြား ဒီကနေ့ တွေ့ဆုံဆွေးနွေးရေး ပျက်ပြယ်သွားခဲ့ပါတယ်။ 

ဓာတ်ပုံ- အဲမလီ/ဧရာဝတီ

အဲမလီ ~

ညှိနှိုင်းဆွေးနွေးရေးကို ဘယ်သူမဆို လာရောက်နိုင်တယ်လို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိ သူတွေက မနေ့က လယ်သမားတွေကို လာပြောခဲ့ပါတယ်။ ဒီနေ့ မနက် မင်္ဂလာဒုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ကိုရောက်တော့ ပါတီ ဥက္ကဌ ဦးနေမျိုးဝေ ကို ၀င်ရောက်ခွင့် မပေးတာကြောင့် ထပ်မဆွေးနွေးတော့ဘဲ လယ်သမားတွေလဲ ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ 

မင်္ဂလာဒုံမြို့နယ်အတွင်း အခင်းဖြစ်ပွားနေတဲ့ စက်မှုဇုန်(၄)ထဲမှာ စခန်းချနေတဲ့ လယ်သမားတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဘာလုပ်ပေးမှာလဲလို့ ဇေကမ္ဘာ ဦးခင်ရွှေက မေးခွန်းထုတ်ခဲ့ပြီး ကျူးကျော်နေထိုင်နေတဲ့ လယ်သမားတွေကို ရိုက်နှက်ဖို့၊ ဦးနေမျိုးဝေကို ကြိုးနဲ့တုပ်ဖို့ ဦးခင်ရွှေက လယ်ယာမြေနဲ့ အခြားမြေစုံစမ်းစစ်ဆေးရေး အစည်းအဝေးမှာ ပြောဆိုခဲ့တဲ့ သတင်းတွေ အင်တာနက် စာမျက်နှာမှာ ပြန်နှံ့လာပြီးနောက် လယ်သမားတွေနဲ့ မြေယာစုံစမ်းရေး ကော်မရှင်တို့ တွေ့ဆုံဆွေးနွေး ဖို့ ဖြစ်ပေါ်လာခဲ့တာပါ။ 

ဇန်န၀ါရီလ ၂၄ရက်နေ့ကစပြီး ဇေကမ္ဘာကုမ္ပဏီက လယ်တွေကို ကန်သင်းတွေဖျက် ၊ မြောင်းတွေဖော် ၊ ဘူဒိုဇာတွေနဲ့ ထိုးကော်နေတာကြောင့် ကိုယ့်လယ်ကိုယ် ကာကွယ်ဖို့ အခုလို ကင်းစခန်းချပြီး လာစောင့် နေတာလို့ လယ်သမားတွေက ပြောပြပါတယ်။ 


ဒီလို မြောင်းတွေတူး အကွက်တွေဖော်နေတာတွေက လယ်တွေကို ပြန်ရောင်းစားဖို့ ကြံစည်နေကြတာပါလို့ လယ်သမားတွေက ပြောပြပါတယ်။ မြေယာစုံစမ်းရေး ကော်မရှင်အဖွဲ့တွေနဲ့အတူ ဇေကမ္ဘာ ဦးခင်ရွှေကို လည်း တွေ့ရပါတယ်။ 

ဒီကိုလာဖို့ လွှတ်တော်အရေခွံလည်း ချွတ်လာတယ်။ ပါတီ အရေခွံလည်း ချွတ်လာတယ်”လို့ အင်္ကျီကို လှန်ပြရင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေက ဦးအောင်သိန်းလင်း ကို လက်ဆွဲနုတ်ဆက်ဖို့ လုပ်တော့ ဦးအောင်သိန်းလင်းက လက်ကို နောက်ဖွက်ထား တယ်လို့ ဦးနေမျိုးဝေက ပြောပြပါတယ်။ 

မနေ့က လယ်သမားတွေကို မောင်းထုတ်တော့မယ် ၀င်ရိုက်တော့မယ်ဆိုတဲ့သတင်းကြောင့် မီဒီယာတွေ အပြေးအလွှား ရောက်သွားပေမယ့် လုံခြုံရေးရဲတွေကို လုံးဝမတွေ့ရပါဘူး။ 

လယ်သမားတွေနားမှာတော့ အရပ်ဝတ်နဲ့ စောင့်ကြည့်နေတဲ့ ရဲ (၄) ဦးလောက်ကိုဘဲ တွေ့ရတာပါ။ 

ရဲတွေအနေနဲ့ သိက္ခာရှိရှိ တာဝန်သိသိနဲ့ လုံခြုံရေးပေးတာမျိုးကိုဘဲ လိုလားပြီး အရပ်သားမှန်း လယ်သမား မှန်း ထင်မှားစေနိုင်တဲ့ အရပ်ဝတ်တွေ ၀တ်ပြီး လာစောင့်ပေးနေတာဟာ ဇေကမ္ဘာ ဦးခင်ရွှေကို ကြောက်ရ သလားလို့ လယ်သမားတွေက ပြောဆိုနေပါတယ်။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved