ဗိုလ်မင်းကြီး အာဏာရပြီး လပိုင်းအတွင်း ကွယ်လွန်

Saturday, February 9, 2013



~



ငြိမ်းချမ်း ~

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ဘန်တရိုဘန်မြို့နေ ဗိုလ်မင်းထောင်ပိုင် ဗိုလ်မင်းကြီး ဦးကျော်သံဖြူသည် ဗုဒ္ဓဟူးနေ့ နံနက်က ကွယ်လွန်သွားသည်။ 
( ဓာတ်ပုံများ - ငြိမ်းချမ်း)
အသက် ၇၈ နှစ် အရွယ် ဗိုလ်မင်းကြီးသည် ရောဂါ  တစုံတရာ မရှိဘဲ ရုတ်တရက်ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

“သူက မနေ့က ညနေက နည်းနည်း ဖျားနေတယ်” ဟု မိသားစုဝင် တဦးက ပြောသည်။

ကျွင်းကျန်သည့် ရုပ်အလောင်းကို ယခုလ ၂၂ ရက်နေ့တွင် မီးသင်္ဂြိုလ်မည်ဟု မိသားစုဝင်တဦးကပြောသည်။


ဦးကျော်သံဖြူသည် ၁၃ ဆက်မြောက် ဗိုလ်မင်းကြီး ဦးကျော်ဇော်သန်၏ သားအငယ်ဆုံးဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့တွင် ယခင်ဗိုလ်မင်းဖြစ်သူ ဦးအောင်ရွှေဖြူ၏ ကျန်ရစ်သူ မိသားစုထံမှ အာဏာလွဲပြောင်း လက်ခဲ့သည်။

ဗိုလ်မင်းကြီး ဦးကျော်သံဖြူသည် ဗိုလ်မင်းရာဇာဝင်တွင် အာဏာသက်တမ်း အနည်းဆုံးဖြစ်ပြီး ၄ လသာ အာဏာဆက်ခံနိုင်ခဲ့သည်။

ဗိုလ်မင်း အာဏာသက်တမ်း အရှည်ဆုံး အုပ်ချုပ်ခဲ့သူမျာ ၁၇၂၇ မှ ၁၈၁၁ အထိ အုပ်ချုပ်ခဲ့သူ ၅ ဆက်မြောက် ဗိုလ်မင်းကြီး ဦးကောင်းလှဖြူ ဖြစ်သည်။
 

ဆက်စပ် - ၁၆ ဆက်တိုင်ခဲ့ပြီဖြစ်သော ဗိုလ်မင်းထောင်



















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved