နော်ခမ်းကို ဆေးထိုးပြီး ကွပ်မျက်တော့မယ်

Thursday, February 28, 2013



ရွှေတြိဂံဒေသတွင် ဖမ်းမိခဲ့သော မူးယစ်ရာဇာနော်ခမ်း နှင့် ၎င်း၏ လက်ထောက် ၃ ဦးတို့ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင်  မနက်ဖြန် ဆေးထိုးပြီး ကွပ်မျက်မည်ဖြစ်ကြောင်း တရုတ်တရားရုံးတခုကို ကိုးကားပြီး ဆင်ဟွာသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

၎င်းတို့ကို တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှုဖြင့် သေဒဏ် ပေးရန် စီရင်ချက်ချထားပြီးဖြစ်ကြောင်း၊ လက်ထောက် ၃ ဦးမှာ ထိုင်းနိုင်ငံမှ Hsang Kham, နိုင်ငံမဲ့ဖြစ်သူ Yi Lai, လာအိုလူမျိုး Zha Xika တို့ ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ရေးသား ဖော်ပြထားသည်။

ပီကင်းမြို့ တရားရုံးချုပ်က ၎င်းတို့အပေါ် စီရင်ချက်ကို ပြန်လည် စစ်ဆေးပြီးနောက် ကွပ်မျက်ရန် လက်မှတ်ထိုးခဲ့ကြောင်း သတင်းတွင် ဆက်လက် ရေးသား ဖော်ပြထားသည်။

 ယင်းသို့ ကွပ်မျက်မိန့်ကို ဖေဖော်ဝါရီ ၂၂ (သောကြာနေ့) တွင် ကူမင်းမြို့တရားရုံးက လက်ခံရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၄ (တနင်္ဂနွေနေ့) တွင် တရားခံတို့အား အသိပေးခဲ့ကြောင်းလည်း ရေးထားသည်။

တရားခံတို့၏ ဆွေမျိုးများ၊ ထိုင်း နှင့် မြန်မာ သံအရာရှိများကို တရားခံတို့နှင့် တွေ့ဆုံရန် တရားရုံးက စီစဉ်ပြီးဖြစ်ကြောင်း၊ ကွပ်မျက်ပြီးပါက ရုပ်အလောင်း၊ သေတမ်းစာ၊ ကိုယ်ပိုင်ပစ္စည်း စသည်တို့ကို တရားရုံးက ဆွေမျိုးများ သို့တည်းမဟုတ် သံအရာရှိများထံ လွဲအပ်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားထားသည်။နော်ခမ်း၏ အဖွဲ့ဝင် ၂ ဦးဖြစ်သော  Zha Bo နှင့်  Zha Tuobo ဆိုသူတို့ ၂ ဦးသည် ဆိုင်းငံ့ သေဒဏ်၊ ထောင်ဒဏ် ၈ နှစ် တို့ကို သီးခြားစီ ကျခံရမည် ဖြစ်သည်ဟု ဆိုသည်။
 မဲခေါင်မြစ်အတိုင်း ခုတ်မောင်းခဲ့သော တရုတ်သင်္ဘော ၂ စီး သည် မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသတွင်  တိုက်ခိုက်ခံရပြီး တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံခဲ့ရသည်။

လွန်ခဲ့သည့် ၂ နှစ်က ပေါ်ပေါက်ခဲ့သော ထိုတိုက်ခိုက်မှုကို  မူးယစ်ရာဇာနော်ခမ်း၏ အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


မိုးမခ ကနေ ကူးယူ ဖော်ပြပါတယ်။

ဆက်စပ် China to Execute Burmese Drug Lord March 1

3 comments :

  1. Anonymous said... :

    this is the one Myanmar government and Myanmar People to follow as a ' good model ' for Myanmar.
    this is the one Myanmar government and Myanmar People to follow as a ' good model ' for Myanmar.
    it is called justice.
    Justice must prevail in Myanmar.
    all people should not waiver between ' justice' and ' revenge ' . These are totally different and ' Doing justice ' can not misinterpreted as ' revenge' . And by using word 'Revenge ' .. don't give ' false propaganda ' - that is. .doing justice is .....' doing revenge ' .

    We all have to seek for JUSTICE, There are many outstanding justice to be done in Myanmar. People do not get diverted your attention and foci ..by all current events in Myanmar in recent months and years.. ( Let Pa Daung, Land dispute, some others ASEAN Games, New Construction, Rakhine events ) . Do not get diverted. Don't forget ' To Do lists ' for our country.
    this message is not for instigation for bad purpose. This is a friendly reminder to ALL.

    All people must know what justice to be done. Do we ? Do you ? Do we all know that ?

  1. Anonymous said... :

    Myanmar goverment must have stand for that guy? May
    be do they skip it.Try to say something for him human right.Oh what a poor of our's.

  1. တရုတ်နိုင်ငံဟာ တစ်နှစ်တစ်နှစ်ကို လူပေါင်း ထောင်နဲ့ချီပြီး သေဒဏ်ချနေတဲ့ နိုင်ငံပါ ။ ပွင့်လင်းမြင်သာမှု မရှိသလို ၊ မေးခွန်းထုတ်စရာ အများကြီးရှိတဲ့ တရားရေးစနစ်ကို ကျင့်သုံးနေတယ် ။ ဒါပေမယ့် တပါးသူ နိုင်ငံ့အရေးကို ဝင်စွက်ဖက်လို့ မရသလို ၊ သင့်လည်း မသင့်ပါဘူး ။

    ဒါပေမယ့် "စိုင်းနော်ခမ်း" ကို လုပ်ချင်သလို လုပ်သွားတာ ၊ အချိန်တိုအတွင်းမှာ သေဒဏ်စီရင်ချက်ကို အကောင်ထည် ဖေါ်တော့မှာတွေနဲ့ပတ်သက်လို့ ၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးကို တွင်တွင်ပြောနေခဲ့ကြသူတွေဆီက နားကွဲမတတ် တိတ်ဆိတ်နေတာဟာ ၊ ရုပ်ပျက်ဆင်းပျက် ဖြစ်ရုံတင်မက ၊ သတ္တိဆိုတဲ့ စကားလုံးကိုပါ နေ့စဉ်သုံး စကားတွေထဲက ဖယ်ထုတ်ထားဖို့တောင် သင့်ပါတယ် ။

    ဒီ အလိမ်ညာ ဇာတ်လမ်းကြီးထဲမှာ ၊ မလှုပ်ရဲ မဟရဲ မပြောရဲ မပြောတတ် ပြောရကောင်းမှန်းလည်း မသိကြရင်တော့ ... မန္တလေးလိုမြို့တွေမှာ ဟိုလိုအရေးယူတယ် ဒီလိုအရေးယူတယ် .. စတဲ့ အပေါ်ယံ မိတ်ကပ်ပေါင်ဒါ ဖို့တာလေးတွေလောက်နဲ့ နွံထဲမှာ နှာခေါင်းမမြုပ်မချင်း မျှောလိုက်သွားကြတာပေါ့ဗျာ ။ (Facebook status)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved