တမူးမြို့တံတားတခုကို ကသည်းသူပုန်တွေ ဖျက်ဆီး

Sunday, February 10, 2013

~



စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲက တံတားတခုကို မိုင်းခွဲဖျက်ဆီးခဲ့တာ နယ်စပ်အခြေစိုက် ကသည်းသူပုန်တွေ ဖြစ်တယ်လို့ ဒီကနေ့ထုတ် အစိုးရသတင်းစာမှာ ရေးထားပါတယ်။

ဖောက်ခွဲသူတွေ ချန်ထားခဲ့တယ်လို့ ယူဆရတဲ့ စာရွက်မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာက -  ကဘော်ချိုင့်ဝှမ်းဒေသဟာ  မဏိပူပြည်နယ်နဲ့ပဲ သက်ဆိုင်တယ် လို့ အဓိပ္ပာယ်ရကြောင်း သိရပါတယ်။ စာထဲမှာ မြန်မာတွေကို ဆဲဆို ရေးသားထားတယ်လို့ ဆိုပါတယ်။

  ပြည်ထောင်စုအမျိုးသား လွတ်မြောက်ရေးတပ်ဦး ဆိုတဲ့ ကသည်းသူပုန်တွေရဲ့ လက်နက်မျိုးစုံ ၉၆ လက် ယခင်တပတ်က တမူးမြို့ထဲ အသိမ်းခံရတာကို "မကျေနပ်သဖြင့် တံတားကို  ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း  သိရှိသည်" လို့ သတင်းက ဆိုပါတယ်။

Google ဂြိုဟ်တုဓာတ်ပုံမှာ တွေ့ရတဲ့ တမူးမြို့ဝန်းကျင်

မြန်မာ့အလင်းမှာ ဖော်ပြထားတဲ့ သတင်း အပြည့်အစုံကို http://4.bp.blogspot.com/-8TSAHSR97XA/URc1OGU3H_I/AAAAAAAAc4Y/4K3L3bDdXfs/s1600/008.jpg မှာ ကြည့်နိုင်ပါတယ်။
ဆက်စပ်သတင်း
 တမူးမြို့မှာ လက်နက်နဲ့ မူးယစ်ဆေးတွေ ဖမ်းမိ
မူးယစ်ဆေးဝါးနှင့် လက်နက်များ တမူးမြို့တွင် ဖမ်းမိ
Police Seize Drugs, Weapons in Town on India Border


















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved