မြန်မာပြည်မှာ ဒိန်းမတ် မြေသြဇာစက်ရုံ တည်ဆောက်ဖွယ်ရှိ

Friday, February 15, 2013

~


ဒိန်းမတ်နိုင်ငံ ကုမ္ပဏီတခုက မြန်မာနိုင်ငံမှာ မြေသြဇာစက်ရုံတည်ဖို့ လေ့လာနေတဲ့အကြောင်း ဒီကနေ့ထုတ် မြန်မာ့အလင်း စာမျက်နှာ ၉ မှာ ရေးထားပါတယ်။

Haldor Topsoe  ကုမ္ပဏီ ဒုဥက္ကဋ္ဌ နဲ့ ဘန်ကောက်အခြေစိုက် ဒိန်းမတ်သံအရာရှိတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဒီအကြောင်းကို စီးပွားကူးသန်း ၀န်ကြီး ဦးဝင်းမြင့်နဲ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးစဉ် ပြောကြားခဲ့တာပါ တဲ့။
ဒီကုမ္ပဏီ အကြောင်း အသေးစိတ် မသိရသေးပါ။

ထားဝယ် စီးပွားရေးဒေသ
ထားဝယ်ဒေသမှာ လှုပ်ရှားနေတဲ့ Italian-Thai Development Plc ကုမ္ပဏီကတော့ အဲဒီဒေသမှာ  ဓာတ်မြေသြဇာစက်ရုံ ဆောက်မယ်လို့  ဘန်ကောက်ပို့စ်သတင်းစာ သတင်းတပုဒ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

နိုင်ငံပိုင်  မြေသြဇာစက်ရုံများ
စွမ်းအင်ဝန်ကြီးဌာန အွန်လိုင်းမှာ ရေးထားချက်အရ ဆိုရင် နိုင်ငံပိုင်  ဓာတ်မြေသြဇာစက်ရုံ ၅ ခု ရှိပါတယ်။


စက်ရုံ
စတင် လည်ပတ်သည့် ခုနှစ်
အမိုးနီးယား ထုတ်လုပ်မှု မက်ထရစ်တန်
ယူရီးယား ထုတ်လုပ်မှု မက်ထရစ်တန်
တည်ဆောက်သည့် ကုမ္ပဏီ
အမှတ်(၁) ဓာတ်မြေသြဇာစက်ရုံ (စလေ(က)
၁၉၇၀
၁၂၀
၂၀၅
Hitachi Zosen, Japan
အမှတ်(၂) ဓာတ်မြေသြဇာစက်ရုံ (ကျွန်းချောင်း)
၁၉၇၁
၁၂၀
၂၀၇
Pintsch Bamag Company, Germany
အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ)
၁၉၈၅
၃၆၀
၆၀၀
UHDE, Germany
အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)
၂၀၁၀
၃၅၀
၅၀၀
HQCEC, China
အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)
၂၀၁၁
၃၅၀
၅၀၀
HQCEC, China

ပြည်ပမှ တင်သွင်းမှု
စက်ရုံတချို့ ရှိနေပေမယ့် စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာပြည်အတွက် မြေသြဇာတင်သွင်းနေရပါတယ်။

မြန်မာ့စီးပွားရေးသတင်းတွေမှာ ဖော်ပြထားချက်အရ  ဓာတ်မြေသြဇာမျိုးစုံကို (လောနိုင်ငံမှအပ) အိမ်နီးချင်းနိုင်ငံတွေဆီကနေ တန်ချိန်ပေါင်းများစွာ တင်သွင်းနေကြောင်း သိရပါတယ်။





















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved