ပုသိမ်မှာတွေ့ရတဲ့ ဆရာမြသန်းတင့် အမှတ်တရပွဲ

Tuesday, February 19, 2013

~


 သန့်စင်ငြိမ်းချမ်း ~
 


စာရေးဆရာ မြသန်းတင့်ရဲ့ စာပေကျေးဇူးအောက်မေ့ပွဲကို ပုသိမ်မြို့မှာ သူကွယ်လွန်တာ ၁၅ နှစ် ပြည့်နေ့ဖြစ်တဲ့  မနေ့က ကျင်းပခဲ့ပါတယ်။
ဒေသခံ စာရေးဆရာတွေနဲ့ စာပေချစ်သူ ၇၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ပွဲဖြစ်မြောက်ရေးဦးဆောင်သူ ကဗျာဆရာ မောင်အောင်ပွင့်က ဆရာ မြသန်းတင့်  အမှတ်တရ အစီအစဉ်အကြောင်း ဧရာဝတီကို အခုလို ပြောပါတယ်။

“ဆရာမြသန်းတင့်ဟာ စာရေးဆရာသက်သက်တင် မဟုတ်ပါဘူး။ အဘိဓမ္မာဆရာတယောက်လည်း ဖြစ်ပါတယ်။ သူဟာ လူငယ်တွေကို အထူး တန်ဖိုးထားတဲ့ စာရေးဆရာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ကျနော်တို့တိုင်းပြည်မှာ နိမ့်ကျသလိုဖြစ်နေပြီး ဒုတိယတန်းစားလောက် ဖြစ်နေတာကို ဂုဏ်တင်ရေးသားခဲ့သူ ဖြစ်တယ်။ ဒါကြောင့် ဆရာ့ရဲ့ စာပေကျေးဇူးတွေဟာ တိုင်းပြည်အပေါ်မှာ အင်မတန် ကြီးမားတဲ့အတွက် ဒီအခမ်းအနားကို ကျင်းပခြင်း ဖြစ်ပါတယ်”

အခမ်းအနားမှာ စာပေချစ်သူတွေ၊ မောင်အောင်ပွင့်၊   စိုးထိုက်၊  စစ်တင် အစရှိတဲ့ ပုသိမ်မြို့ခံ စာရေးဆရာတွေက ဆရာမြသန်းတင့်ရဲ့ စာပေကျေးဇူးတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

 
မြောင်းမြ ပရိယတ္တိစာသင်တိုက်မှာ  နေ့လည် ၁ နာရီက စတင်ကျင်းပတဲ့အခမ်းအနားကို ညနေ ၃ နာရီခွဲမှာ ရုပ်သိမ်းခဲ့ပါတယ်။

ဆရာမြသန်းတင့်ဟာ “လေရူးသုန်သုန်”၊ “စစ်နှင့်ငြိမ်းချမ်းရေး”၊ “သုခမြို့တော်”၊ “ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်” စတဲ့ နာမည်ကျော် စာအုပ်တွေ အပါအ၀င် ၀တ္ထု၊ ဆောင်းပါး၊ ဘာသာပြန်စာအုပ်ပေါင်းမြောက်မြားစွာ ရေးသားခဲ့သူ ဖြစ်ပါတယ်။







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved