မြောက်ဥက္ကလာရွှေပေါက်ကံ ရေမြှုပ်စက်ရုံ မီးလောင်

Tuesday, February 5, 2013

 မြောက်ဥက္ကလာရွှေပေါက်ကံ ရေမြှုပ်စက်ရုံ မီးလောင်နေသည်ကို ငြိမ်းနေသည့်မီးသတ်များ
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
စနေလင်း ~ 

ရန်ကုန်မြို့၊ ရွှေပေါက်ကံမြို့နယ်အတွင်းရှိ ရွှေပေါက်ကံစက်မှုဇုံ၊ ၁၉ ရပ်ကွက်၊ စက်မှုဇုံ ၂ လမ်း၊ အမှတ် ၃၄ ရှိ ရေမြုပ်စက်ရုံ ယနေ့ နေ့လည် ၂ နာရီကျော်တွင် မီးလောင်ခဲ့ကြောင်း သိရသည်။ 

 နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် ရွှေပေါက်ကံမီးသတ်စခန်းသို့ မီးလောင်မှုသတင်းဝင်လာသောကြောင့် တစ်မိနစ်ကျော်တွင် အဆိုပါ စက်ရုံသို့ရောက်ရှိသွားရာ စက်ရုံ၏ ပင်မအ ဆောင်တွင် မီးတောက်ကြီးများ ကိုမြင်တွေ့ခဲ့ရကြောင်း၊ ၃ နာရီ ၃၅ မိနစ်ခန့်တွင် မီးကိုထိန်းသိမ်းလိုက်နိုင်ပြီး ၄ နာရီခန့်ရောက်မှ အပြီးသတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ရွှေပေါက်ကံ မီးသတ်စခန်းမှ မီးငြိမ်းသက်မှုတွင်ပါဝင်သည့် မီးသတ် ရဲဘော်တစ်ဦးက ပြောသည်။ 

“ ဓါတုပစ္စည်းတွေနဲ့ ထုတ်လုပ်တဲ့ ရေမြုပ်ဖြတ် စုပုံထားတဲ့နေရာကနေ အပူလွန်ကဲပြီး စလောင်တာ။ စက်ရုံတစ်ရုံလုံးလောင်တယ်။ ဆုံးရှုံးမှုအားလုံးရဲ့ တန်ဖိုးက ကျပ် ၃၇ သိန်း၊ ၅ သောင်း လို့ သတ်မှတ်ထား တယ် ” ဟု မြောက်ဥက္ကလာမီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

အဆိုပါ စက်ရုံပိုင်ရှင် ဦးဂျင်နားကူးမားကိုတော့ မီးလောင်သည့်စက်ရုံတွင်တွေ့ခဲ့ရပြီး မန်နေဂျာဖြစ်သူကို ရဲတပ်ဖွဲ့မှခေါ်ယူသွားကြောင်း အဆိုပါ မီးလောင်မှုကို မြင်တွေ့လိုက် ရသူများက ပြောသည်။ အဆိုပါ မီးလောင်မှုအတွက် မီးသတ်ကားအင်အား ၃၁ စီးဖြင့် မီးငြိမ်းသက်ခဲ့ကြောင်း မြောက်ဥက္ကလာ မီးသတ်စခန်း မှ သိရသည်။ 

 မြောက်ဥက္ကလာရွှေပေါက်ကံ ရေမြှုပ်စက်ရုံ မီးလောင်နေပြင်တွင်တွေ့ရသည့် ဓာတုပစ္စည်းများ



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved