ဂျပန် ကြော်ငြာကုမ္ပဏီကြီး Dentsu ရန်ကုန်မှာ ရုံးခန်းဖွင့်ပြီ

Monday, February 11, 2013

~




ဂျပန်နိုင်ငံက နာမည်ကြီး ကြော်ငြာ ကုမ္ပဏီကြီးဖြစ်တဲ့ Dentsu ဟာ မြန်မာ့ စီးပွားရေး မြို့တော် ရန်ကုန် မှာ ဈေးကွက်သစ် ကို ထိုးဖောက်ကာ ရုံးခန်းဖွင့် လိုက်ပါပြီ။ 



ဂျပန်နိုင်ငံမှာ အကြီးဆုံးကြော်ငြာကုမ္ပဏီလည်းဖြစ်တဲ့ Dentsu က ပြောတာကတော့ ကြော်ငြာ ကန်ထရိုက်လုပ်ငန်းအရင်းအမြစ်တခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလမှာ အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ နိုင်ငံများ အားကစားပွဲကို ရည်ရွယ်ပြီး လုပ်နေတာဖြစ်တယ်လို့ Japan Today သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ ကြော်ငြာလုပ်ငန်းဟာ အားကောင်းလာနိုင်တယ် ဆိုတာ ကုမ္ပဏီက မျှော်လင့်ပြီး အခုလို ဈေးကွက်သစ်ကို ထိုးဖောက်လာတာလည်း ဖြစ်ပါတယ်။ 

ဂျပန် စီးပွားရေး လုပ်ငန်းရှင်တွေအနေနနဲ့ မြန်မာနိုင်ငံမှာ တက်တက်ကြွကြွ စီးပွားရေး ကျော်ထောက် 
နောက်ခံအား ကောင်းကောင်းပေးလာတာကတော့ မကြာသေးခင်က ဂျပန်နိုင်ငံက မြန်မာအပေါ် တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ ၃.၇ ဘီလျံကို ပယ်ဖျက်ပေးပြီးနောက်ပိုင်း သိသိသာသာ တိုးများလာတာဖြစ်တယ်လို့ ဂျပန်တူဒေးက ဆိုပါတယ်။ 

ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက တကယ်ကို လိုအပ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အခြေခံ အဆောက်အဦနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ဖြစ်ပါတယ်။ 

ဒီအပြင် ဂျပန်အစိုးရ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်မှု ဆိုင်ရာ ၀န်ကြီးဌာန အဆိုအရ ဟက်တာပေါင်း ၂၄၀၀ လောက်ရှိတဲ့ သီလ၀ါဆိပ်ကမ်းဟာလည်း ၂၀၁၅ မှာ စတင် လည်ပတ်မယ်လို့ ဂျပန်တူဒေးက ဆိုပါတယ်။



 























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved