အစိုးရနဲ့ KIO/KIA ရွှေလီမှာ မနက်ဖြန် ဆွေးနွေးဖွယ် ရှိ

Sunday, February 3, 2013

KIO/KIA နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ မနက်ဖြန် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တရုတ်နိုင်ငံ ရွှေလီမြို့ မှာ ဆွေးနွေးကြဖို့ ရှိတယ်လို့ တရုတ်နယ်စပ်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ 
 တချိန်က အစိုးရနဲ့ ကေအိုင်အေတို့ ဆွေးနွေးခဲ့ကြစဉ်က ၊ဓာတ်ပုံ- ဧရာဝတီ

တက်ရောက်ဆွေးနွေးကြမယ့် သူတွေကိုတော့ နာမည်နဲ့တကွ အတိအကျ ဧရာဝတီက စုံစမ်းလို့ မရသေးပါဘူး။ အခုလိုတွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ဖို့ တရုတ်နိုင်ငံဘက် ကြားဝင်ဆောင်ရွက်ခဲ့တာလို့လည်း ဆိုကြပါတယ်။

ကချင်ပြည်နယ် စစ်ပွဲတွေကြောင့် အပြစ်မဲ့ အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ဒုက္ခသည်များ တိုးများလာပြီး အဖက်ဖက်က အခက်အခဲတွေ ရင်ဆိုင်နေရချိန်မှာ နိုင်ငံတကာနဲ့ မြန်မာပြည်တွင်းရှိ ငြိမ်းချမ်းရေးလိုလားသူတွေက အပစ်အခတ် အမြန်ဆုံး ရပ်ပြီး ၂ ဖက်ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လမ်းပေါ် ရောက်လာစေဖို့ တိုက်တွန်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာပါ။ 

မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း KIO/KIA ဘက်ကရော အစိုးရဘက်ကပါ ၂ ဘက် တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့ အသီးသီး ထုတ်ပြန်ချက်တွေ လုပ်ခဲ့ပါသေးတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved