ဦးမောင်မောင်နဲ့ ပတ်သက်ပြီး NCUB က စာထုတ်ခဲ့ခြင်းမရှိ

Monday, February 11, 2013

~

 
" ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်အား တာဝန်မှ ထုတ်ပယ်ခြင်း ဆိုတဲ့ ရုံးစာတစောင်ကို သောကြာနေ့က ဧရာဝတီဘလော့မှာ  ဖော်ပြခဲ့ပါတယ်။

ဒီကနေ့
NCUB အဖွဲ့ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းကို ဆက်သွယ် မေးမြန်းရာမှာ
အဲဒီစာကို  NCUB က ထုတ်ပြန်ခဲ့ခြင်း မရှိကြာင်း   ဧရာဝတီကို  ပြောပါတယ်။

"ကျနော်တို့ဆီက ထုတ်တယ်ဆိုတာ မဟုတ်ဘူး၊ ဘာ အစည်းအဝေး ဆုံးဖြတ်ချက်မှလည်း မရှိဘူး" လို့  ဦးမြင့်သိဏ်းက ပြောပါတယ်။

"အဲဒါကို ကျနော်တို့ ဒီကနေ့ ရှင်းလင်းချက် ပြန်ထုတ်ထားပါတယ်" လို့ ဦးမြင့်သိဏ်းက ဆက် ပြောပါတယ်။

NCUB ရဲ့ ရှင်းလင်းချက်ကို လက်ခံရရှိတဲ့အခါ   ဒီဘလော့မှာ မပျက်မကွက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

  ဦးမောင်မောင်ကလည်း ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဒီသတင်းမဟုတ်ဘူးလို့ ငြင်းပါတယ်။

ဦးမောင်မောင် ရန်ကုန်ပြန်လာပြီး အလုပ်လုပ်နေတာ သိရသလောက် FTUB အလုပ်သမားအဖွဲ့အနေနဲ့ပါ။ NCUB အနေနဲ့ မဟုတ်ပါ။

NCUB ဆိုတာ တိုင်းရင်းသားတွေ ဟိုးအရင်က ဖွဲ့ထားတဲ့ NDF ဆိုတဲ့ တပ်ပေါင်းစုရယ်၊
၁၉၈၈ ကျောင်းသားတွေ နယ်စပ်ရောက်လာပြီးနောက် ဖွဲ့တဲ့ DAB တပ်ပေါင်းစုရယ်၊
၁၉၉၀ ရွေးကောက်ပွဲအပြီး နယ်စပ်မှာဖွဲ့တဲ့ NCGUB စင်ပြိုင်အစိုးရရယ် ပေါင်းပြီး ထပ်ဖွဲ့တဲ့ တပ်ပေါင်းစုပါ။

အခု စင်ပြိုင်အစိုးရလည်း မရှိတော့၊ တိုင်းရင်းသားတပ်ပေါင်းစု NDF လည်း ခေတ်ကုန်ပြီး UNFC ခေတ်ရောက်နေပါတယ်။  ကျောင်းသားတွေလည်း တကွဲစီဆိုတော့  NCUB တပ်ပေါင်းစုရဲ့ နောက်ဆုံးအခြေအနေကို မသိရသေးပါဘူး။
 


























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved