တောင်ကိုရီးယား သမ္မတကျမ်းကျိန်ပွဲ PSY တက်မယ်

Saturday, February 2, 2013

မကြာမီရက်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ဖို့ သမ္မတလောင်း 
မစ္စ ပတ်ဂုံဟေးရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ကမ္ဘာကျော် တောင်ကိုရီးယားအနုပညာရှင် PSY လည်း တက်ရောက်မယ်လို့ သမ္မတ လုပ်ငန်းတာဝန်လွှဲပြောင်းပေးရေး အဖွဲ့က ဆိုပါတယ်။ 

ဓာတ်ပုံ-guardian.co.uk

တောင်ကိုရီးယားမှာ ပထမဆုံးအမျိုးသမီးသမ္မတလည်းဖြစ် ၊ ခေတ်သစ်တခုကို ၀င်ရောက်လာခြင်းဆိုတဲ့ သင်္ကေတ၊ စည်းလုံးညီညွတ်မှုကို ပြသတဲ့ လက္ခဏာ အဖြစ်လည်း အခုလို Gangnam Style နဲ့ နာမည်ကြီး တဲ့ PSY အပါအ၀င် အနုပညာအကျော်အမော်တွေပါ တက်ရောက်ဖို့ ဖြစ်တယ်လို့ အဆိုပါ အဖွဲ့က ပြောတာ ကို ကိုရီးယားတိုင်းမ် သတင်းတပုဒ်မှာဖော်ပြထားပါတယ်။ 
ထောင်ချီတဲ့ သူ့ပရိသတ်တွေကလည်း တက်ရောက်ဖို့ မျှော်လင့်နေကြတာပါတဲ့။

သမ္မတသစ်တာဝန်ထမ်းဆောင်မယ့် မစ္စ ပတ်ဂုံဟေးဟာ မကြာခင်က ၅ ရက်တာ တောင်ကိုရီးယား ခရီးစဉ်သွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့စဉ်က တောင်ကိုရီးယားနဲ့ မြန်မာ ပညာရေး၊ စီးပွားရေးနဲ့ အနာဂါတ် ၂ နိုင်ငံ ပူးပေါင်းလုပ်ဆောင်မှုတွေ အရှိန်မြှင့်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved