Samsung, LG စမတ်ဖုန်းအသစ်များ နဲ့ တွစ်တာရဲ့ဒုက္ခ

Saturday, February 23, 2013



တပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ နည်းပညာသတင်းများ
တပတ်အတွင်းစာဖတ်ပရိသတ်တွေ စိတ်ဝင်စားစေမယ့် နည်းပညာသတင်းများကို ဧရာဝတီက အလျင်းသင့်သလို တင်ဆက်သွားပါမယ်။ ၂၁ ရာစု နည်းပညာခေတ်ကြီးထဲမှာ နေ့ စဉ်နေ့ တိုင်း နည်းပညာအသစ်တွေ ထွက်ပေါ်နေတာကြောင့် ခေတ်နဲ့ အမီ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ ရစေဖို့အတွက် ရည်ရွယ်ပါတယ်။

၁။ ဆမ်ဆောင်း  Galaxy S IV ထွက်ရှိလာတော့မည်

 ၂၀၁၂ ရဲ့ ကမ္ဘာ့အရောင်းကောင်းဆုံးဖုန်း ဖြစ်ခဲ့တဲ့ ဆမ်ဆောင်းရဲ့ Galaxy S III ချစ်သူများအတွက် ဆမ်ဆောင်းကနေ Galaxy S IV ကိုမတ်လ ၁၄ ရက်နေ့ မှာ ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးသွားမယ် လို့ဆိုပါတယ်။

Mobile-review’s မှ ဖုန်း အယ်ဒီတာ အယ်ဒါ မာတာဇင်က ဆမ်ဆောင်းကုမ္မဏီကနေ ဖိတ်ကြားစာရရှိထားကြောင်းနဲ့ ကြီးကျယ်တဲ့ မိတ်ဆက်ပွဲတခု ပြုလုပ်ဖွယ်ရှိကြောင်း သူရဲ့ တွစ်တာမှာ ရေးလိုက်ပါတယ်။

တခြားနာမည်ကြီး ဖုန်း ၀က်ဆိုဒ်တွေရဲ့ အယ်ဒီတာတွေဟာလည်း သူတို့ရဲ့ တွစ်တာတွေမှာ အဲဒီလို ရေးသားခဲ့ကြပါတယ်။

ဖုန်းနဲ့ ပတ်သက်ပြီး အချက်အလက်တွေကတော့
Exynos 5 8-core processor,
4.99'' Full HD screen,
2GB of RAM,
a 13-megapixel camera ရှိမယ်လို့
သိရပြီး ကင်မရာပိုင်းမှာ အတော့်ကိုအဆင့်မြှင့်တင်ထားတာ တွေ့ ရပါတယ်။
ဒါ့အပြင် Android 4.2.2 Jelly Bean ကို အသုံးပြုမယ်လို့ သိရပါတယ်။

နယူးယောက်မှာ လုပ်မယ့် ဒီဖုန်းမိတ်ဆက်ပွဲဟာ ကမ္ဘာ့မိုဘိုင်းပြပွဲပြီးမှ ဈေးကွက်ထဲ ထိုးဖောက်တာပဲလို့ ဆိုရပါမယ်။

အလားတူ HTC ကုမ္မဏီကလည်း  စပိန်နိုင်ငံ၊ ကမ္ဘာ့မိုဘိုင်းပြပွဲ မတိုင်ခင်မှာပဲ သူ့ရဲ့ HTC One ကို ပရိသတ် သိအောင်  ချပြခဲ့ပါပြီ။

ဖုန်းကုမ္မဏီတွေက ဈေးကွက်ကို ဗျူဟာအသစ်တွေနဲ့  ထိုးဖောက်ဖို့ကြိုးစားနေတာ တွေ့ရပါတယ်။

၂။ LG Optimus G Pro Smartphone တွေ ကိုရီးယားမှာ စတင်ဖြန့်

တောင်ကိုရီးယားနာမည်ကျော် LG ကုမ္မဏီရဲ့  LG Optimus စမတ်ဖုန်းတွေကို လူကြိုက်များပါတယ်။ အခုတော့ အဆင့်မြင့်ထားတဲ့  LG Optimus G Pro ဖုန်းတွေကို ထုတ်လုပ်ဖြန့်ချိတာ့မယ်လို့ ကြေညာသွားပါတယ်။

LG ရဲ့ ပထမဦးဆုံး HD စမတ်ဖုန်း ဖြစ်တဲ့အပြင် 5.5 inch 1080p display ရှိပြီး တခြားဖုန်းတွေထက်  ဖုန်းမျက်နှာပြင် အနည်းငယ် ပိုကြီးတာကို တွေ့ ရပါတယ်။

ဒါ့အပြင်  1.7GHz quad-core Snapdragon 600 processor ရှိတာကြောင့် အလုပ်လုပ်နိုင်အား  မြန်ဆန်သလို ၊  13-megapixel ရှိတဲ့ ကင်မရာကိုအသုံးပြုထားတဲ့အတွက်  ဓာတ်ပုံရိုက်ရတာနှစ်ခြိုက်သူများ အကြိုက်တွေ့ပါလိမ့်မယ်။

မှတ်ဥာဏ်အားအနေနဲ့ 2GB of DDR RAM ရှိပြီး  သိုလှောင်နိုင်မှု စွမ်းအားက 32GB storage memory ရှိတာကြောင့် ဂိမ်းတွေ၊ ဓာတ်ပုံတွေ အများကြီး သွင်းချင်တဲ့သူတွေ အဆင်ပြေမှာပါ။
ဒါ့အပြင် micro SD card ကိုလည်း ထည့်သွင်းနိုင်ပါသေးတယ်။

ဒီဖုန်းဟာAndriod 4.1.2  Jelly Beam ကို အသုံးပြုထားပြီး ဘက်ထရီအား ကောင်းမွန်မှုအတွက်လည်း အထူး ပြုလုပ်ထားပါတယ် တဲ့။
LG ရဲ့ ဒီစမတ်ဖုန်းကို ဖေဖော်ဝါရီ ၂၅-၂၈ ရက်နေ့ တွေမှာ ကျင်းပမယ့် ကမ္ဘာ့မိုဘိုင်းပြပွဲရောက်ရင် ပရိတ်သတ်တွေအနေနဲ့ စမ်းသပ်ဖို့အခွင့်အရေး ရရှိမှာပါ။
ဈေးနှုန်းကိုတော့ အခုထိ မကြေညာသေးပါဘူး။

၃။ ဟက်ကာတိုက်ပွဲတွေ ဖြစ်ပေါ်နေတဲ့ Social Network “ Twitter”
   
မြန်မာတွေ အသုံးနည်းသေးတဲ့ တွစ်တာမှာ အခုတလော အဟက်ခံရတဲ့ပြသနာတွေ ဆက်တိုက်ဖြစ်လာပြီး ဟက်ကာတွေ အချင်းချင်းလည်း လက်တည့်စမ်းရာ ဖြစ်နေပါတယ်။


 ပြီးခဲ့တဲ့ အပတ်အတွင်းမှာတင် နာမည်ကျော် အမေရိကန် ကုမ္မဏီ Burger King ရဲ့ တွစ်တာအကောင့်  ခိုးယူခြင်းခံခဲ့ရသလို၊
တခြား အမေရိကန် ကုမ္မဏီ ဖြစ်တဲ့ Jeep ဟာလည်း တွစ်တာဟက်ကာတွေရဲ့လက်ချက် မိခဲ့ပါတယ်။

ဒါ့အပြင် ဘီဘီစီ သတင်းကြေညာသူ ဂျရေမီကလက်ဆန် ရဲ့ တွစ်တာဟာလည်း အဟက် ခံခဲ့ရပါတယ်။
နည်းပညာ ကျွမ်းကျင်သူတွေကတော့ တွစ်တာ အသုံးပြုသူတွေဟာ မိမိတို့ ရဲ့ password တွေကို ပိုမို လုံခြုံအောင် အဆင့်မြှင့်ထားသင့်ကြောင်း အကြံပေးကြပါတယ်။

တွစ်တာမှာ ဒီလို ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး နည်းပညာလုံခြုံရေး အတိုင်ပင်ခံ ဂရေဟမ်က -
လူသားတစ်ဦးရဲ့ အားနည်းချက်ကို ဟက်ကာတွေက အခွင့်ကောင်းယူလိုက်တာပါပဲ၊ ဟက်ကာတွေ ဒီလို ထိုးဖောက်ဝင်ရောက်နိုင်တာဟာ တွစ်တာသုံးသူတွေက အလွယ်တကူခြေရာကောက်နိုင်တဲ့ Password တွေကို အသုံးပြုတာကြောင့်ဖြစ်တယ်၊
ကိုယ့်ရဲ့ အီးမေး၊ Facebook, တွစ်တာ အကောင့်တိုင်းကို Password တခုတည်းသုံးမယ် ဆိုရင်လည်း ဟက်ကာတွေအတွက် ထိုးဖောက် ၀င်ရောက်ဖို့ လွယ်ကူစေပါတယ်လို့ ပြောသွားပါတယ်။

တွစ်တာမှာ လမ်းညွှန်ထားတဲ့ အတိုင်း မိမိရဲ့ Password တွေကို လုံခြုံအောင် လုပ်ထားသင့်တယ်လို့ လည်း ပြောဆိုသွားပါတယ်။

 မြန်မာပြည်က တွစ်တာအသုံးပြုသူတွေလည်း အဲဒီ လမ်းညွှန်ချက်အတိုင်း မိမိတို့ရဲ့ Password တွေကို လုံခြုံအောင် ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

ဆောင်းဦးလင်း ~

Sources: Mashable ,Gizmodo , CNN




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved