ဗိုလ်ချုပ်ကြီးများ ဘာသာရေးကိုင်းရှိုင်း

Friday, March 1, 2013

တိုင်းပြည်တာဝန်တွေထမ်းဆောင်နေရပေမယ့် အငြိမ်းစားဗိုလ်ချုပ်ကြီးတွေက ဘာသာရေး လုပ်ငန်းဆောင်တာများမှာ ပါဝင်ဆောင်ရွက်နေပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးဗိုလ်ချုပ် စိုးလွင် (အနောက်မြောက်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး) တို့က ရွှေဘိုမြို့  မော်ဓောမြင်သာမြို့ထောင့်စေတီ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အသစ် တင်လှူပူဇော်ပွဲကို တက်ရောက်ကြပုံကို ကြာသပတေးနေ့ထုတ် အစိုးရသတင်းစာများမှာ တွေ့ရပါတယ်။

အလှူရှင်များထဲမှာ  ဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)လည်း ပါဝင်တယ်၊ သူက ထီးတော်အသစ် ပြန်လည် တင်လှူ ပူဇော်နိုင်ဖို့အတွက် ငွေကျပ်သိန်းတရာ ပေးပို့ လှူဒါန်းခဲ့တယ် လို့ သတင်းက ဆိုပါတယ်။

ဘုရားပွဲဟာ ကြက်ပျံမကျ စည်ကားခဲ့တယ်လို့ သိရကြောင်း သတင်းမှာ ရေးထားပါတယ်။

ဒီစေတီက အလောင်း မင်းတရားကြီးဦးအောင်ဇေယျရဲ့ သမိုင်းဝင်ကောင်းမှုတော် ဖြစ်ပြီး ၂ဝ၁၂ နိုဝင်ဘာ စစ်ကိုင်းငလျင်ဒဏ်ကြောင့် ထီးတော်ကျိုးကြေခဲ့၊ စိန်ဖူးတော် ကွေးညွတ်ခဲ့ကြောင်း သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved