အိမ်ထောင်ရှိလျက်နဲ့ သမီးကို ခိုးယူပေါင်းသင်းလို့ လူသတ်မှုဖြစ်

Friday, March 22, 2013

မထူးဆန်းပေမယ့် ထူးဆန်းတဲ့ သတင်းတခုကို မြန်မာနိုင်ငံ ပြည်သူ့ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဖေ့စ်ဘုတ် စာမျက်နှာမှာ ယနေ့ မတ်လ ၂၁ ရက်နေ့က ဖော်ပြထားပါတယ်။ 




ဖြစ်ရပ်ကတော့ မတ်လ ၁၅ ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ် စာဗူးတောင်းရွာမှာ အလောင်းတွေ့ ရာက ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်လို့ ရဲက အမှုဖွင့်လိုက်တာက စပါတယ်။

ရဲတပ်ဖွဲ့က သေဆုံးသူ ဘယ်သူဖြစ်တယ်ဆိုတာစုံစမ်းစစ်ဆေးရင်းနဲ့ သေဆုံးသူဟာ မျိုးဇော်ဦးဆိုသူ ဖြစ် တယ် ဆိုတာ သိခဲ့ရခဲ့တယ်လို့ ပြည်သူ့ ရဲတပ်ဖွဲ့၊ ရဲဇာနည်ဖေ့စ်ဘုတ်စာမျက်နှာက ဆိုပါတယ်။  

စုံစမ်းချက်တွေအရ  အလောင်းတွေ့ရှိခဲ့ရာ လှည်းကူးမြို့နယ်ကို သေဆုံးသူနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကထိ  လှည်းကူးမြို့နယ်မှာ နေထိုင်ခဲ့ဖူးသူ ဦးအေးကိုတို့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

နောက်တနေ့မှာလည်း ဦးအေးကိုရဲ့ သမီးဖြစ်သူ ဆိုသူနဲ့ သေဆုံးသူုတို့ ထပ်ရောက်လာပြန် တယ်တဲ့။ 

နောက်တော့ ဦးအေးကိုနဲ့ သေဆုံးသူတို့ ပြန်ပျောက်သွားပြန်တယ်။ ဒီကွင်းဆက်တွေကို ရဲတပ်ဖွဲ့က ချိတ်ဆက်ပြီး ဦးအေးကိုရဲ့ မိသားစုဝင်တွေ ဆက်လက်စစ်ဆေးခဲ့ပါတယ်တဲ့။ ဦးအေးကိုလည်း ပျောက်နေ 
တာ ထူးခြားနေပြန်ပါတယ်။ 

ဒီလိုနဲ့ ရဲတပ်ဖွဲ့က ဆက်စပ် စုံစမ်းနေချိန်မှာဘဲ ဦးအေးကိုက ရဲစခန်းမှာ လာရောက်အဖမ်းခံပြီးနောက် ရဲက စစ်ဆေးခဲ့ရာမှာ ဦးအေးကိုက သမီးဖြစ်သူကို မယားကြီးရှိလျှက် မဲဆောက်မြို့သို့ ခိုးယူသွားခဲ့တာကို မကျေနပ်လို့ သတ်ခဲ့တာလို့ ဆိုပါတယ်။ 

မြ၀တီမြို့မှာ ၁၀ နှစ်လောက်နေလာတဲ့ ဦးအေးကိုဟာ သမီးဖြစ်သူကို မျိုးဇော်ဦး က ထိုင်းနိုင်ငံ  မဲဆောက် ကို ခေါ်သွားပြီး ခိုးယူပေါင်းသင်းခဲ့လို့ မကျေနပ်ခဲ့ဘူး။ ဒီကနေ ဦးအေးကိုဟာ မျိုးဇော်ဦးကို ဇာတိလှည်းကူး ကို မင်္ဂလာ ကိစ္စ အကြောင်းပြ ခေါ်လာပြီး လူပြတ်တဲ့ ငမိုးရိပ်ချောင်းနားကို ခေါ်လာပြီး သတ်ကာ ချောင်း ထဲ မျှောခဲ့တာလို့ ဦးအေးကိုက ပြောတာကို ပြည်သူ့ ရဲတပ်ဖွဲ့ ရဲဇာနည် က ဖော်ပြထားပါတယ်။

နောက်ဆုံးတော့ မယားကြီး ရှိလျှက် သမီးကို ခိုးယူပေါင်းသင်းတဲ့ သားမက်ကို သတ်လိုက်တယ်ဆိုတဲ့ စွဲဆိုချက်တွေနဲ့ အခုတော့ ဥပဒေအတိုင်း ပြင်္စံဒဏ်တွေ ရင်ဆိုင်ရပါမယ်။ 

ဒါနဲ့ပဲ ပြည်သူ့ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းတွေနဲ့ တကွ ဥပဒေ ကြောင်းအရ ဆက်လက် လုပ်သွား မယ် ဖြစ်တယ်လို့ သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved