သင်္ကန်း ၈၈ စုံ၊ ၈၈ မျိုးဆက်နဲ့ ရွှေတွံတေးဆရာတော်

Sunday, March 24, 2013

ထိုင်းနိုင်ငံ ခရီးစဉ်ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဘန်ကောက်မြို့အနီး မဟာချိုင်ဒေသကို လာရောက်  လေ့လာစဉ် ရွှေတွံတေးဆရာတော်ထံသွားရောက်ပြီး သင်္ကန်း ၈၈ စုံ ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ 



" ရေခြားမြေခြားလာပြီး ရုန်းကန်ရင်းနဲ့ ရဟန်းခံကြရတာ စရိတ်ကြီးတယ်။ တချို့ဆို ရဟန်းလောင်း ၁ ပါး ကို ဘတ် ၄,၀၀၀ မှ ၈,၀၀၀ လောက်အထိ ကုန်ကျတယ်။ ဘုန်ကြီးက သက်သာအောင်လို့ - သာသနာ့ 
ဘောင် ၀င်ပြီး သာသနာပြုဖြစ်အောင်လို့ - ၁ပါးကို ၂၅၀၀ ဘတ်လောက်နဲ့ စီစဉ်ပေးတယ်။ အဲဒါ မတတ်နိုင်ရင်တောင် မဟာချိုင် မိသားစုတွေနဲ့ ရန်ကုန်က ဒကာတွေလှူဒါန်းမှုနဲ့ ရဟန်းပြုပေးသေးတယ်။ ၁ ကြိမ်ကို ဒုလ္လဘ ၁၀၀ လောက်ဝတ်ကြတယ်။ အခုလည်း ၈၈ မျိုးဆက်ကျောင်းသားတွေလှူဒါန်းတဲ့ သင်္ကန်း ၈၈စုံကို အလှူရဟန်းခံရှင်ပြုပေးသွားမှာပါ" လို့ ရွှေတွံတေးဆရာတော်က မိန့်ကြားပါတယ်။

ထို့အပြင် ရွှေတွံတေးဆရာတော်က ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား တိုင်းရင်းသားများ ဘ၀အခြေအနေ နဲ့  ပြင်ပ ထောက်ပံ့မှုတွေ မရှိဘဲ စာသင်ကျောင်း ၃ ကျောင်း ရဲ့ ပကတိ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။ 



မိတ္ထီလာမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ရွှေတွံတေးဆရာတော်က မှတ်ချက်ပေး တိုက်တွန်းခဲ့ပါသေးတယ်။ 


"ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ ပဋိပက္ခဟာ ၁ ဦးချင်း လူမှုရေး အဆင်မပြေမှုမှ စခဲ့တဲ့ အတွက် ပုဂ္ဂလိက အပြစ်ရှိသူကို ထိထိရောက်အရေးယူပေးဖို့ သာကောင်းတယ်။ ၁ ဘက်နှင့် ၁ ဘက် အင်အားပြ ဖြေရှင်းရင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်လာမယ်၊ နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေမှာ ဒီလို ပဋိပက္ခ မဖြစ်အောင် ၀ိုင်းဝန်း တားဆီး ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရော ဘာသာဝင်တွေ ပါ ငြိမ်းချမ်းရေးကို ရှေ့ရှုစဉ်းစားဆောင်ရွက်ပေးပါ။ အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ တွေ တရားတဲ့ စိတ်နဲ့ မျှမျှ တ တ ပြဿနာ ဖြေရှင်းဖို့ ပဋိပက္ခငြှိမ်းဖို့ မေတ္တာရပ်ခံပါတယ်"လို့ ရွှေတွံတေး ဆရာတော်က မိန့်ကြား တိုက်တွန်းလိုက်ပါတယ်။
















အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    အားလုံးက လူသာတွေပါပဲ ဘာသာမတူတာနဲမဆိုင်ကြပါဘူး
    ဘယ်ဘာသာပဲကိုးကွယ်နေပါစေ
    ဘာသာတိုင်ကလဲ ကောင်းတာတွေကိုပဲသင်ပေး ပြခဲကြတာပဲ ဘယ်ဘာသာမဆိုပေါ့
    အဲဒီလိုပဲ လူသာတွေထဲမှာလဲ ကောင်းတယ်လူရှိသလိုမကောင်တယ်လူတွေလဲရှိကြတတ်တာပဲ
    သူများလုပ်တိုင်ကိုယ့်လိုက်လုပ်နေမယ်ဆိုရင် အရှေမှာဘာတွေဆက်ဖြစ်မလဲမသိတော့ဘူး
    တကယ်တမ်းဆိုရင် မြန်မာလူမျိုးနဲမွတ်စ်လင်မ်တွေကတစ်ယောက်နဲတယောက်နာလည်ပေးတတ်သလို
    တစ်ယောက်ခံစားချက်ကိုလဲတစ်ယောက်သိနေကြတာပဲ ဒီမြေမှာဖွေဒီရေးသောက်ခဲကြတာပဲလေ
    တိုင်ပြည့်ရေးပြသနာတွေတိုင်ကိုလဲ အတူတူပဲ လက်တွဲပြီးရင်ဆိုင်ခဲကြတာပဲလေ အခုဘယ်လိုစိတ်ကူတွေနဲတစ်ယောက်နဲတယောက်မုန်းသွားကြတာပဲ ပြောကြပါအုံး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved