ခြင်ဆေးခွေကြောင့် ဒဂုံတောင် စက်ရုံမီးလောင်

Friday, March 29, 2013



ခြောက်သွေ့ရာသီမှာ မီးလောင်တဲ့သတင်းတွေ အဆက်မပြတ် ကြားနေရပါတယ်။
မီး မလောင်အောင် ဘယ်လို လုပ်ကြမလဲ။

  မီးသတ်ဌာနရဲ့ တိုက်တွန်းချက်တခုကတော့ ကြိုတင်ကာကွယ်မှုက အကောင်းဆုံးပါပဲ တဲ့။

ဒီကနေ့ မြန်မာ့အလင်းသတင်းစာထဲမှာ ပေါ့ဆမှုကြောင့် ဖြစ်ပွားရတဲ့ လတ်လော မီးလောင်မှု ၂ ခု အကြောင်း ဖော်ပြထားပါတယ်။



ကြာသပတေးနေ့ ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းက စက်ရုံတခုမှာ ထွန်းထားတဲ့ ခြင်ဆေးခွေကနေ စက်ရုံမီးလောင်တာ ၃၈ သိန်း
ဖိုး ဆုံးရှုံးသွားတယ်လို့ သတင်းက ဆိုပါတယ်။ 

တနေ့တည်းမှာပဲ မန္တလေးမှာလည်း အိမ် ၇ လုံး မီးလောင်ခဲ့တယ်။

လျှပ်စစ်ဓာတ်ဆွဲအားများတဲ့ပစ္စည်းတွေကို တပြိုက်နက်သုံးရာက ဖြစ်ပွားခဲ့တယ်လို့ ဆိုတယ်၊ ပလပ်ခုံကလည်း ထရံမှာ ဆင်ထားတာပါ တဲ့။

ထရံကာအိမ်တွေဆိုရင် မီးဘေးအန္တရာယ် ပိုသတိထားရ၊ ကြိုတင်ကာကွယ်မှုတွေ ပိုလုပ်ရပါမယ်။



မီးသတ်တပ်ဖွဲ့ကလည်း ရပ်ကွက်ထဲ လိုက်စစ်တဲ့အခါ မီးချိတ် မီးကတ် စတဲ့ ပစ္စည်းတွေ ရှိမရှိစစ်ဆေးရုံတင်မက မီးလောင်လွယ်တဲ့အနေအထား၊ အန္တရာယ်ရှိတဲ့ အနေအထားတွေ တွေ့ရင် လိုအပ်သလို ဆောင်ရွက်၊ အကြံပေး၊ တိုက်တွန်းတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

ဒီလိုတိုက်တွန်းတာ၊ ပညာပေးတာတွေအတွက် မီးသတ်ဌာနမှာ ဘတ်ဂျက်၊ ၀န်ထမ်းအင်အား၊ မူဝါဒ စသဖြင့် ရှိမရှိကိုလည်း စာနယ်ဇင်းတွေက မေးမြန်း စုံစမ်း ရေးသားသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။




  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


-




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved