အုန်းသီးစိမ်းကျောက်ကျော

Thursday, March 21, 2013




သင်္ကြန်တွင်း မှာကျောက်ကျောထိုးချင်သူများအတွက် အုန်းစိမ်းကျောက်ကျောလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။   

(ဓာတ်ပုံများ -
EVY's Kitchen)

ဒီအချိုပွဲလေးကတော့ ကျွန်မရဲ့ညီမ လက်စွမ်းပြထားတာပါ။
သူက ဗမာမုန့်တွေ လုပ်ရတာ ပိုပြီးအားသန်ပါတယ်။
စားလို့လည်း ကောင်းပြီး သင်္ကြန်နဲ့ လိုက်ဖက်မယ့် အုန်းစိမ်းကျောက်ကျောလေးကို စမ်းကြည့်ကြပါဦး။

ပါဝင်ပစ္စည်းများ
·         အုန်းစိမ်းရည် ၁ လီတာ
·         သကြား ၁၅၀ ဂရမ်
·         ဆား - လက်ဖက်ရည် ဇွန်းတစ်ဝက်
·         ကျောက်ကျောမှုန့် တစ်ထုပ် -၁၀ ဂရမ်


ပြုလုပ်နည်း
·         အုန်းသီးနုနုများကို ဇွန်းနဲ့ ခြစ်ထားပေးပြီး မုန့်လုပ်မယ့် ဗန်းထဲဖြန့်ခင်းပေးထားပါ။
·         အုန်းရည်၊သကြားနဲ့ ဆားကို ဆူအောင်ကျိုပေးပါ။
·         ဆူလာရင် ကျောက်ကျောမှုန့်ကို ဖြည်းဖြည်းချင်းရောမွှေပြီး  အဆက်မပြတ်မွှေပေးရပါမယ်။
·         ၁၅ မိနစ်ခန့်မွှေပြီးရင်တော့ ခုနက အုန်းသီးထည့်ထားတဲ့ ဗန်းထဲကိုလောင်းထည့်ပြီး အအေးခံပါ။
·         လုံးဝ အေးသွားရင်တော့ အရသာရှိတဲ့ အုန်းစိမ်းကျောက်ကျောကို စိတ်ကြိုက်ပုံလှီးပြီး သုံးဆောင်နိုင်ပါပြီ။

(EVY's Kitchen www.evyfoodlover.com ကနေ ကူးယူ ဖော်ပြပါတယ်)



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved