မြန်မာနိုင်ငံရဲ့ အမွေ

Sunday, March 3, 2013


    မြန်မာနိုင်ငံရဲ့ သံယံဇာတ ၊ ထိန်းသိမ်းရမယ့် အမွေအနှစ်တွေ အကြောင်းကို ရန်ကုန်မြို့ Gallery 65 မှာ မတ်လ ၂ရက်ကနေ ၄ ရက်နေ့အထိ ပြသ သွားမှာ ဖြစ်ပါတယ်။

နံနက်၁၀နာရီကနေညနေ၆နာရီ အတွင်း ဖြစ်ပါတယ်။

    ဒီပွဲရဲ့ ခေါင်းစဉ်ကိုတော့ အမွေလို့ ပေးထားပါတယ်။

 တိမ်ကောလာနေတဲ့ မြစ် ချောင်း များ၊
ဘေး အန္တရာယ် ကျရောက်နေတဲ့ တောင်တန်းများ၊

ကွယ်ပျောက် လာနေတဲ့ သစ် တောသစ်ပင်များ၊
မျိုးတုံး ပျောက်ကွယ်လာနေတဲ့ ဇီဝမျိုးဇုံ မျိုး ကွဲများ၊

ဘေးအန္တရာယ် ကျ ရောက်နေတဲ့ အနုပညာ လက် ရာ များ၊
ကွယ်ပျောက်လာနေတဲ့ ယဉ်ကျေးမှု တန်ဖိုး များ၊

ထိန်းသိမ်းရမယ့် အမွေအနှစ်များ၊
ပြည်ထောင် စု သားများ၏ ဘ၀နှင့်အလှ၊

ဂီတတို့ ဆိတ်သုဉ်းခြင်း၊
အနာဂတ် အတွက် မျက်မှောက်ခေတ် မျိုး ဆက်က တာဝန်ယူခြင်း စတဲ့ အကြောင်းအရာတွေကို ပြသ သွားမှာ ဖြစ် ပါ တယ် ။

ရင်ထဲက …တိုင်းပြည်ထဲက… မျက်စိအောက် က…ပျောက်ကွယ်သွားမှာစိုးတဲ့…အမွေ ဆိုတဲ့ ခေါင်း စဉ်နဲ့ ပြသသွားမှာပါ။

    ပြပွဲမှာ ပါဝင်မယ့် သူတွေကတော့  မြင့်မောင်ကျော်၊ မြင့်မိုးအောင်၊ မြင့်ဇော်၊ ကိုတာ၊ ဂျူး တို့    ဖြစ်ပါတယ်။

ရွက်စိမ်း ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved