သံလွင်မြစ်ပေါ် ရေကာတာဆောက်မယ့် ကိစ္စနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၂၇ ရက်က လွှတ်တော် မှာ မေးမြန်းခဲ့တာမှာ လျှပ်စစ်ဒုဝန်ကြီးက ရေကာတာ ၆ ခု ဆောက်လုပ်ဖို့ရှိကြောင်း ပြောခဲ့ပါတယ်။
ဒီရေကာတာတွေက ထွက်မယ့် လျှပ်စစ်ကို နိုင်ငံခြားကို ရောင်းဖို့လို့ စီစဉ်ခဲ့တဲ့ မီဂါဝပ် ၇၀၀၀ ကျော်ထုတ် မယ့် တာဆန်းရေကာတာ တည်ဆောက်မယ့်အကြောင်းကိုတော့ ဒုဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက သိရပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအား အပြည့်အ၀ ရရှိဖို့အတွက် အစိုးရကလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လျှပ်စစ်မီးဖူလုံရေးအတွက် မြစ်ကြီးတွေပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေ ဆောက်လုပ်ဖို့ အရမ်းကို လိုအပ်နေပြီလားဆိုတာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတဦးဖြစ်တဲ့ ဆရာ ဦးမျိုးဝင်းသူ ကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ငြိမ်းငြိမ်းက ဆက်သွယ်မေးကြည့်ထားပါတယ်။
ဦးဝင်းမျိုးသူ (ECODev)။ ဒါရိုက်တာ။ ။ ရေကာတာ ဆောက်ရတဲ့ ရည်ရွယ်ချက်၊ မူဝါဒက ဘာလဲဆိုတာ သိရမယ်။ လျှပ်စစ်တွေကို ပြည်ပကို ရောင်းစားဖို့ ဆိုရင် ဒါ ရောင်းစားဖို့လိုလားမလိုလား စဉ်းစားရ မယ်။ ပြည်တွင်းဖူလုံရေးက အဓိကကျတယ်။ ပြည်တွင်းဖူလုံရေးလုပ်ပီးမှ ပြည်ပကို ရောင်းစားသင့်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးမှာ ရာသီဥတု ပြောင်းလဲနေတာဖြစ်တဲ့အတွက် တချိန်မှာ တိုင်းပြည် တပြည်ရဲ့ ကံကြမ္ဘာကို ဆုံးဖြတ်မှာက (Energy security) စွမ်းအင်လုံခြုံမှု၊ သူက အဓိကပဲ။ ကိုယ့်ဆီမှာရှိတဲ့ စွမ်းအင်ကို ကိုယ့်ဒေသ ဖွံ့ဖြိုးရေးကို အဓိက စဉ်းစားဖို့က နံပါတ်တစ်အချက်၊ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှု မှာ လိုအပ်ချက်တခု ဖြစ်တယ်။
ဒါကို သတိထားဖို့ လိုတယ်။ အဲဒီပေါ်မူတည်ပြီး ကိုယ့်မူဝါ ထုတ်ြပီးမှ အဲဒါတွေက သိပ်ပိုလျှံနေတဲ့ အတွက် ရောင်းမယ်ဆိုတဲ့ဟာကို စဉ်းစားသင့်တယ်။ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲ ကမ္ဘာ့အနေ အထားနဲ့ စီးပွားရေးဆိုင်ရာတွေကို မကြည့်ဘဲနဲ့ ဒီအတိုင်း နိုင်ငံခြားက ရင်းနှီးမြှပ်နှံမှုတွေလာတိုင်း ရောင်း မယ် လုပ်မယ်ဆိုရင်တော့ သိပ်ပီး သဘော သဘာဝမကျဘူး။
ဦးဝင်းမျိုးသူ။ ။ အဲလို ရောင်းမယ်ဆိုရင်တောင် လေ့လာဆန်းစစ်ရမှာတွေက စောစောကပြောသလို စီးပွားရေးအရ တွက်ခြေကိုက်မှု၊ လူမှုရေးအရ တွက်ခြေကိုက်မှု၊ ငွေရေးကြေးရေး၊ ပတ်ဝန်းကျင် နဲ့ နည်း ပညာ အရဖြစ်နိုင်ချေ ရှိမှု ဒီ feasibility ၅ ခုကို ဆောင်ရွက်ဖို့ လိုတယ်။ နံပါတ် ၁ က technical feasibility ပေါ့၊ ၂ က တော့ economic feasibility၊ စီးပွားရေးအရ တွက်ခြေကိုက်တောင်မှ financially ပေါ့ ငွေရေးကြေးရေး cash flow ငွေဝင်ငွေထွက်နဲ့ စီမံခန့်ခွဲမှုအရ အဆင်ပြေနိုင်ခြင်း ရှိမရှိဆို တာ ကြည့်ရသေးတာ။
နံပါတ် ၄ အချက် လူမှုရေးအရ ဒီအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲနဲ့ နံပါတ် ၅ အချက် ပတ်ဝန်းကျင်ရေးရာ ecology အရရော ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတာ ဒီအချက်တွေ ကို သေချာ feasibility လုပ်ဖို့ လိုသေးတယ်။
အရင်လုပ်ခဲ့တဲ့ စီမံကိန်းတွေက ဒီ ငါးချက်နဲ့ ဘာတခုမှ လုပ်ဟန်မတူဘူး။ technically နည်းနည်းပါးပါး လုပ်မယ်။ စီးပွားရေးအရ တွက်တာတွေ အကြမ်းဖျဉ်း ယေဘူယျ တွက်တာ ရှိမှာပေါ့။ ဆိုတော့ ဒါတွေ သေချာဆန်းစစ်ပြီး ပြည်သူတွေရဲ့ သဘောထား၊ ပြည်သူ့လွှတ်တော်ရဲ့သဘောထားသိပီးမှ ဆုံးဖြတ်သင့်တယ် ထင်တယ်။ ဒါက လက်တွေ့လုပ်သင့်တဲ့ သဘောပေါ့။
ဦးဝင်းမျိုးသူ။ ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတဦးအနေနဲ့ ပြောရရင် ကိုယ့် ပြည်တွင်းစွမ်းအင်ရ ဖို့ မြစ်ကြီးတွေကို မကြည့်ပဲ ဆရာတို့နိုင်ငံမှာရှိတဲ့ မြစ် လက်တက်ငယ်လေးတွေ၊ ဒီ့ပြင်စွမ်းအင် အရင်း အမြစ်တွေကို သုံးရင် လုံလောက်နိုင်မယ်ထင်တယ်။
ဆရာတို့က ဒီ အဓိကဖြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း တွေကို သဘာဝအတိုင်း ရှိစေချင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြစ်ကြီးတွေက ပေးတဲ့ ဂေဟစနစ်ကပေးတဲ့ ၀န်ဆောင်မှုလုပ်ငန်း (Ecosystem services set) တွေက အများကြီး။ သဘာဝကို ထိန်းညှိပေးထားတဲ့ ယန္တရားကြီးပေါ့။
အဲ့ယန္တရားကြီးရဲ့တန်ဖိုးက ငွေရေးကြေးရေးနဲ့တွက်ရင် လျှပ်စစ်ထုတ်တာထက် အများကြီးရတာ ရှိတယ်။ ဒီတန်ဖိုးကို သေချာမသိဘဲနဲ့ မထုတ်သင့်ဘူး။ နောက် ဒီမြစ်ကြီးတွေက သိပ်ကြီးတယ်၊ သိပ်ရှည်တဲ့အတွက် ဘယ်လောက်ပဲသိပံနည်းကျ လေ့လာလေ့လာ ဒီမြစ်ကြီးတွေရဲ့ dynamics ဖြစ်မှုတွေကို နားလည်ဖို့ ပြည့်
ပြည့် စုံစုံ မဖြစ်နိုင်ဘူး။
သူရဲ့ နက်ရှိုင်းမှုကို သေချာနားမလည်သေးဘဲနဲ့ အပေါ်ယံနားလည်နဲ့ (Engineering point of view) အင်ဂျင်နီယာ ရှုထောင့်တခုထဲက ချဉ်းကပ်ပီး ဆောက်လိုက်မယ်ဆိုရင် အမှားအယွင်း တစုံတရာ ဖြစ်သွား ရင် ခုနပြောတဲ့ ဂေဟစနစ်ရဲ့ ၀န်ဆောင်မှုတွေကို သွားပီး ထိခိုက်ရင် ဆရာတို့ ရေရှည်မှာ အရှုံးတရားနဲ့ ပြန် ရင် ဆိုင်ရမှာပဲ။
ဒါကြောင့်မို့ ရည်ရွယ်ချက်ကို မေးတယ်ဆိုတာ ဘာအတွက်လဲ။ နိုင်ငံခြားငွေရဖို့အတွက်ဆို ဒီ့ပြင်နည်း နဲ့ ငွေရဖို့ မဖြစ်နိုင်ဘူးလား။ ဒါတွေ ကြည့်ဖို့ လိုသေးတယ်။ ဆရာ လက်လှမ်းမှီသလောက်ဆို ဆရာတို့မှာ energy တွေကို ဒီ့ပြင်နည်းနဲ့ ရနိုင်တာတွေ အများကြီး ရှိသေးတယ်။
ဒီမြစ်ကြီးတွေကို လုံးဝမထိစေချင်ဘူး။ အမြင်ဆိုတာတော့ တယောက်နဲ့တယောက် မတူဘူးပေါ့လေ။ စီးပွားရေးအမြင်နဲ့ဆိုလည်း လွှတ်တော်ကို တင်ပြီး ပိုက်ဆံ လုံလောက်တဲ့အထောက်အထားတင်ပြ ဒီဘိတ် လုပ်ကြလေ။ အဲပေါ်မှာ ဆုံးဖြတ်သင့်တယ်ထင်တယ်။
ဒီအတိုင်း အရင်တုန်းက တွက်ချက်ခဲ့တဲ့အတိုင်း သုံးချက်တွက်နည်းနဲ့ ပုံစံအတိုင်း ဒါတော့ ဘယ်လောက်ရ မှာလဲ ဒီဟာတော့ ဘယ်လောက်ရမှာလဲ ဆိုတာ မဖြစ်သင့်ဘူး ဆိုတာ အထူး အလေးပေး ပြောချင်တယ်။
သံလွင်မြစ်ကြီးဆိုတာ (ဆရာရောက်ဖူးတယ်) အင်မတန်မှ ချစ်ဖို့ကောင်းတဲ့ မြစ်ကြီးပဲ။ ဒါကြီးကို လူတွေ အမျိုးမျိုး ပြုပြင်ပြောင်းလဲလိုက်ရင် ဆရာကတော့ ဆိုးကျိုးများမယ်လို့ ထင်တယ်။
ဦးဝင်းမျိုးသူ။ ဆရာလည်း လောလောဆယ် နေမကောင်းဖြစ်နေတော့ သတင်းတွေ မဖတ်ရတော့ အမှောင် ကျနေတာ။ ဆရာသိသလောက် လွှတ်တော်ထဲမှာ အရင်အစိုးရလက်ထက်က စီမံကိန်းတွေ ပြန်လည် ဆန်းစစ် သင့်တယ်လို့ ကြားမိသလားပဲ။
အဲလိုမျိုး လွှတ်တော်က ပြန်ကြည့်မယ်ဆိုရင် ဒီပြည်သူ့လွှတ်တော်ကဖြစ်ဖြစ် အစိုးရကဖြစ်ဖြစ် ဒါမျိုး ဦးဆောင်ပီး ပြောလိုက် လုပ်လိုက်တယ်ဆိုရင် ဒါ ကောင်းတယ်။ ပြည်သူတွေအုံကြွမှ လုပ်တာမဟုတ်ဘူး ဆိုရင် တော်ရုံ တန်ရုံ ပြဿနာက ထိန်းပီးသား ဖြစ်သွားမယ်။
အခုဟာက ပြည်သူတွေက မခံနိုင်လို့ လုပ်မှ နောက်က လိုက်လုပ်တယ်ဆိုတော့ အနာရင့်မှ ဆေးကုသ လို ဖြစ်နေတယ်။ အဲလိုဆိုတော့ မူလက ပတ်ဝန်းကျင် ထိန်းသိမ်းရေးပြောနေရာကနေ မလိုအပ်ဘဲနဲ့ တရုတ် မုန်းတီးရေးဘက်ကို ဦးတည်သွားတယ်။ အဲလို လိုင်းကူးသွားတော့ ပိုပီးရှုပ်သွားတယ်။ ရှင်းရမယ့် ဟာကို။ အပ်နဲ့ထွင်းရမယ့် ကိစ္စတွေကို ပုဆိန်နဲ့ လိုက်လိုက်ထွင်းနေရတယ်။
အဲတော့ အခု လွှတ်တော်က ဒီလို စီမံကိန်းတိုင်းကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအရ ခုန ပြောတဲ့ အချက် ၅ ချက်နဲ့ ထိန်းချုပ်မယ်ဆိုရင် ပရက်ရှာတွေက ထိန်းချုပ်သွားနိုင်မယ် ထင်တယ်။ အရင်တုန်းက ပရောဂျက်တွေ အကုန်လုံးက ပွင့်လင်းမြင်သာမှု မရှိဘူးလေ။ တဦးတယောက်ရဲ့ အကျိုးစီးပွားပေါ် အခြေခံလုပ်တာများတယ်။ နိုင်ငံတော်ကြီး အကျိုးအမြတ် ရှိမယ်ဆိုတဲ့ ခေါင်းစဉ်ကို သုံးတယ်။ အဲ့နောက် မှာ ခရိုနီစီးပွားရေး၊ ဦးပိုင်စီးပွားရေးတွေ ပါနေတယ်။
နောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေပါလာတယ်။ ဘာမှ ထင်သာမြင်သာမရှိဘူးလေ။ အဲဒါတွေကို ဒါကို ဖွင့်ရှင်းလိုက်ရင် ဒုက္ခဖြစ်မှာပဲဆိုပီး စိုးရိမ်ပူပန်ရင်တော့ ဒုက္ခရောက်မှာပဲ။ ပြဿနာဆိုတာတော့ ဖြစ်လာရင် ရှင်းရမယ်။ ရှင်းတဲ့အခါ သူများ အရှင်းမခံနဲ့ ကိုယ်ကိုယ်တိုင် သေချာရှင်းထုတ်လိုက်ရင် ရတာပဲ။
ရှင်းတဲ့အခါလည်း နိုင်ငံတကာ သဘောတူညီချက်တွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် နားလည်သလောက် ဒါတွေက feasibility အဆင့်မှာပဲ ရှိအုံးမှာ။ ဒါတွေက ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး အရ political risk အရ မလုပ်သင့်ဘူးဆိုရင် သူ့ သဘောသဘာဝအရ ကျေပျက်သွားတဲ့သဘောရှိတယ်။
ကန်ထရက်တွေအပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူးပေါ့နော်။ ဒီလိုမျိုး သတ္တိရှိရှိနဲ့ ချန်ပီယံ လိုနေ တာပေါ့။ စဉ်းစားဆုံးဖြတ်ပြီး လုပ်မယ့်လူက မရှိဘူး ဖြစ်နေတယ်။ အဲလို စိုးရိမ်မှုတွေများပီး လိုက်ကာနေ တာကတဖက်၊ ရှင်းအောင် တွန်းနေတာက တဖက်ဆိုတော့လေ။ ပြဿနာတွေ ရှင်းနေရတာနဲ့ပဲ ရှေ့ကို မတက်ဘူး ဖြစ်နေတာပေါ့။

မြစ်ဆုံစီမံကိန်း လုပ်ငန်းခွင်တခု၊ ဓာတ်ပုံ- Jingphaw Targyi ~
မြစ်ဆုံ
စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ - Jinghpaw TarGyi ) - See more at:
http://blog.irrawaddy.org/2012/07/blog-post_4309.html#more
မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ - Jinghpaw TarGyi )
- See more at: http://blog.irrawaddy.org/2012/07/blog-post_4309.html#more

မေး။ အဲလို ထုတ်ရောင်းဖို့ ရည်ရွယ်ဆောက်လုပ်တာဆိုရင် ဘာတွေနဲ့ ဆန်းစစ် လုပ်ဆောင်သင့်ပါလဲ။
ဦးဝင်းမျိုးသူ။ ။ အဲလို ရောင်းမယ်ဆိုရင်တောင် လေ့လာဆန်းစစ်ရမှာတွေက စောစောကပြောသလို စီးပွားရေးအရ တွက်ခြေကိုက်မှု၊ လူမှုရေးအရ တွက်ခြေကိုက်မှု၊ ငွေရေးကြေးရေး၊ ပတ်ဝန်းကျင် နဲ့ နည်း ပညာ အရဖြစ်နိုင်ချေ ရှိမှု ဒီ feasibility ၅ ခုကို ဆောင်ရွက်ဖို့ လိုတယ်။ နံပါတ် ၁ က technical feasibility ပေါ့၊ ၂ က တော့ economic feasibility၊ စီးပွားရေးအရ တွက်ခြေကိုက်တောင်မှ financially ပေါ့ ငွေရေးကြေးရေး cash flow ငွေဝင်ငွေထွက်နဲ့ စီမံခန့်ခွဲမှုအရ အဆင်ပြေနိုင်ခြင်း ရှိမရှိဆို တာ ကြည့်ရသေးတာ။
နံပါတ် ၄ အချက် လူမှုရေးအရ ဒီအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲနဲ့ နံပါတ် ၅ အချက် ပတ်ဝန်းကျင်ရေးရာ ecology အရရော ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတာ ဒီအချက်တွေ ကို သေချာ feasibility လုပ်ဖို့ လိုသေးတယ်။
အရင်လုပ်ခဲ့တဲ့ စီမံကိန်းတွေက ဒီ ငါးချက်နဲ့ ဘာတခုမှ လုပ်ဟန်မတူဘူး။ technically နည်းနည်းပါးပါး လုပ်မယ်။ စီးပွားရေးအရ တွက်တာတွေ အကြမ်းဖျဉ်း ယေဘူယျ တွက်တာ ရှိမှာပေါ့။ ဆိုတော့ ဒါတွေ သေချာဆန်းစစ်ပြီး ပြည်သူတွေရဲ့ သဘောထား၊ ပြည်သူ့လွှတ်တော်ရဲ့သဘောထားသိပီးမှ ဆုံးဖြတ်သင့်တယ် ထင်တယ်။ ဒါက လက်တွေ့လုပ်သင့်တဲ့ သဘောပေါ့။
မေး။ ဆရာရဲ့ ပုဂ္ဂလိက အမြင်ကရော…
ဦးဝင်းမျိုးသူ။ ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတဦးအနေနဲ့ ပြောရရင် ကိုယ့် ပြည်တွင်းစွမ်းအင်ရ ဖို့ မြစ်ကြီးတွေကို မကြည့်ပဲ ဆရာတို့နိုင်ငံမှာရှိတဲ့ မြစ် လက်တက်ငယ်လေးတွေ၊ ဒီ့ပြင်စွမ်းအင် အရင်း အမြစ်တွေကို သုံးရင် လုံလောက်နိုင်မယ်ထင်တယ်။
ဆရာတို့က ဒီ အဓိကဖြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း တွေကို သဘာဝအတိုင်း ရှိစေချင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြစ်ကြီးတွေက ပေးတဲ့ ဂေဟစနစ်ကပေးတဲ့ ၀န်ဆောင်မှုလုပ်ငန်း (Ecosystem services set) တွေက အများကြီး။ သဘာဝကို ထိန်းညှိပေးထားတဲ့ ယန္တရားကြီးပေါ့။
အဲ့ယန္တရားကြီးရဲ့တန်ဖိုးက ငွေရေးကြေးရေးနဲ့တွက်ရင် လျှပ်စစ်ထုတ်တာထက် အများကြီးရတာ ရှိတယ်။ ဒီတန်ဖိုးကို သေချာမသိဘဲနဲ့ မထုတ်သင့်ဘူး။ နောက် ဒီမြစ်ကြီးတွေက သိပ်ကြီးတယ်၊ သိပ်ရှည်တဲ့အတွက် ဘယ်လောက်ပဲသိပံနည်းကျ လေ့လာလေ့လာ ဒီမြစ်ကြီးတွေရဲ့ dynamics ဖြစ်မှုတွေကို နားလည်ဖို့ ပြည့်
ပြည့် စုံစုံ မဖြစ်နိုင်ဘူး။
သူရဲ့ နက်ရှိုင်းမှုကို သေချာနားမလည်သေးဘဲနဲ့ အပေါ်ယံနားလည်နဲ့ (Engineering point of view) အင်ဂျင်နီယာ ရှုထောင့်တခုထဲက ချဉ်းကပ်ပီး ဆောက်လိုက်မယ်ဆိုရင် အမှားအယွင်း တစုံတရာ ဖြစ်သွား ရင် ခုနပြောတဲ့ ဂေဟစနစ်ရဲ့ ၀န်ဆောင်မှုတွေကို သွားပီး ထိခိုက်ရင် ဆရာတို့ ရေရှည်မှာ အရှုံးတရားနဲ့ ပြန် ရင် ဆိုင်ရမှာပဲ။
ဒါကြောင့်မို့ ရည်ရွယ်ချက်ကို မေးတယ်ဆိုတာ ဘာအတွက်လဲ။ နိုင်ငံခြားငွေရဖို့အတွက်ဆို ဒီ့ပြင်နည်း နဲ့ ငွေရဖို့ မဖြစ်နိုင်ဘူးလား။ ဒါတွေ ကြည့်ဖို့ လိုသေးတယ်။ ဆရာ လက်လှမ်းမှီသလောက်ဆို ဆရာတို့မှာ energy တွေကို ဒီ့ပြင်နည်းနဲ့ ရနိုင်တာတွေ အများကြီး ရှိသေးတယ်။
ဒီမြစ်ကြီးတွေကို လုံးဝမထိစေချင်ဘူး။ အမြင်ဆိုတာတော့ တယောက်နဲ့တယောက် မတူဘူးပေါ့လေ။ စီးပွားရေးအမြင်နဲ့ဆိုလည်း လွှတ်တော်ကို တင်ပြီး ပိုက်ဆံ လုံလောက်တဲ့အထောက်အထားတင်ပြ ဒီဘိတ် လုပ်ကြလေ။ အဲပေါ်မှာ ဆုံးဖြတ်သင့်တယ်ထင်တယ်။
ဒီအတိုင်း အရင်တုန်းက တွက်ချက်ခဲ့တဲ့အတိုင်း သုံးချက်တွက်နည်းနဲ့ ပုံစံအတိုင်း ဒါတော့ ဘယ်လောက်ရ မှာလဲ ဒီဟာတော့ ဘယ်လောက်ရမှာလဲ ဆိုတာ မဖြစ်သင့်ဘူး ဆိုတာ အထူး အလေးပေး ပြောချင်တယ်။
သံလွင်မြစ်ကြီးဆိုတာ (ဆရာရောက်ဖူးတယ်) အင်မတန်မှ ချစ်ဖို့ကောင်းတဲ့ မြစ်ကြီးပဲ။ ဒါကြီးကို လူတွေ အမျိုးမျိုး ပြုပြင်ပြောင်းလဲလိုက်ရင် ဆရာကတော့ ဆိုးကျိုးများမယ်လို့ ထင်တယ်။
မေး။ တာဆန်းရေကာတာ ကိစ္စကို ဒုဝန်ကြီးက မပြောသွားဘူးဆိုတော့ ဒီစီမံကိန်းက တစုံတရာ လျှို့ဝှက် ထားစရာများ ရှိတယ်လို့ မြင်နိုင်မလား။
ဦးဝင်းမျိုးသူ။ ဆရာလည်း လောလောဆယ် နေမကောင်းဖြစ်နေတော့ သတင်းတွေ မဖတ်ရတော့ အမှောင် ကျနေတာ။ ဆရာသိသလောက် လွှတ်တော်ထဲမှာ အရင်အစိုးရလက်ထက်က စီမံကိန်းတွေ ပြန်လည် ဆန်းစစ် သင့်တယ်လို့ ကြားမိသလားပဲ။
အဲလိုမျိုး လွှတ်တော်က ပြန်ကြည့်မယ်ဆိုရင် ဒီပြည်သူ့လွှတ်တော်ကဖြစ်ဖြစ် အစိုးရကဖြစ်ဖြစ် ဒါမျိုး ဦးဆောင်ပီး ပြောလိုက် လုပ်လိုက်တယ်ဆိုရင် ဒါ ကောင်းတယ်။ ပြည်သူတွေအုံကြွမှ လုပ်တာမဟုတ်ဘူး ဆိုရင် တော်ရုံ တန်ရုံ ပြဿနာက ထိန်းပီးသား ဖြစ်သွားမယ်။
အခုဟာက ပြည်သူတွေက မခံနိုင်လို့ လုပ်မှ နောက်က လိုက်လုပ်တယ်ဆိုတော့ အနာရင့်မှ ဆေးကုသ လို ဖြစ်နေတယ်။ အဲလိုဆိုတော့ မူလက ပတ်ဝန်းကျင် ထိန်းသိမ်းရေးပြောနေရာကနေ မလိုအပ်ဘဲနဲ့ တရုတ် မုန်းတီးရေးဘက်ကို ဦးတည်သွားတယ်။ အဲလို လိုင်းကူးသွားတော့ ပိုပီးရှုပ်သွားတယ်။ ရှင်းရမယ့် ဟာကို။ အပ်နဲ့ထွင်းရမယ့် ကိစ္စတွေကို ပုဆိန်နဲ့ လိုက်လိုက်ထွင်းနေရတယ်။
အဲတော့ အခု လွှတ်တော်က ဒီလို စီမံကိန်းတိုင်းကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအရ ခုန ပြောတဲ့ အချက် ၅ ချက်နဲ့ ထိန်းချုပ်မယ်ဆိုရင် ပရက်ရှာတွေက ထိန်းချုပ်သွားနိုင်မယ် ထင်တယ်။ အရင်တုန်းက ပရောဂျက်တွေ အကုန်လုံးက ပွင့်လင်းမြင်သာမှု မရှိဘူးလေ။ တဦးတယောက်ရဲ့ အကျိုးစီးပွားပေါ် အခြေခံလုပ်တာများတယ်။ နိုင်ငံတော်ကြီး အကျိုးအမြတ် ရှိမယ်ဆိုတဲ့ ခေါင်းစဉ်ကို သုံးတယ်။ အဲ့နောက် မှာ ခရိုနီစီးပွားရေး၊ ဦးပိုင်စီးပွားရေးတွေ ပါနေတယ်။
နောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေပါလာတယ်။ ဘာမှ ထင်သာမြင်သာမရှိဘူးလေ။ အဲဒါတွေကို ဒါကို ဖွင့်ရှင်းလိုက်ရင် ဒုက္ခဖြစ်မှာပဲဆိုပီး စိုးရိမ်ပူပန်ရင်တော့ ဒုက္ခရောက်မှာပဲ။ ပြဿနာဆိုတာတော့ ဖြစ်လာရင် ရှင်းရမယ်။ ရှင်းတဲ့အခါ သူများ အရှင်းမခံနဲ့ ကိုယ်ကိုယ်တိုင် သေချာရှင်းထုတ်လိုက်ရင် ရတာပဲ။
ရှင်းတဲ့အခါလည်း နိုင်ငံတကာ သဘောတူညီချက်တွေ ရှိကောင်းရှိမယ်။ ဒါပေမယ့် နားလည်သလောက် ဒါတွေက feasibility အဆင့်မှာပဲ ရှိအုံးမှာ။ ဒါတွေက ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး အရ political risk အရ မလုပ်သင့်ဘူးဆိုရင် သူ့ သဘောသဘာဝအရ ကျေပျက်သွားတဲ့သဘောရှိတယ်။
ကန်ထရက်တွေအပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူးပေါ့နော်။ ဒီလိုမျိုး သတ္တိရှိရှိနဲ့ ချန်ပီယံ လိုနေ တာပေါ့။ စဉ်းစားဆုံးဖြတ်ပြီး လုပ်မယ့်လူက မရှိဘူး ဖြစ်နေတယ်။ အဲလို စိုးရိမ်မှုတွေများပီး လိုက်ကာနေ တာကတဖက်၊ ရှင်းအောင် တွန်းနေတာက တဖက်ဆိုတော့လေ။ ပြဿနာတွေ ရှင်းနေရတာနဲ့ပဲ ရှေ့ကို မတက်ဘူး ဖြစ်နေတာပေါ့။
ဦးဝင်းမျိုးသူ သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် လုပ်ဆောင်နေသည့် အစိုးရ မဟုတ်သော အဖွဲ့ အစည်း NGO တခုဖြစ်သည့် (ECODev) ၏ ဒါရိုက်တာ တဦးဖြစ်ပါတယ်။
မြစ်ဆုံ
စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ - Jinghpaw TarGyi ) - See more at:
http://blog.irrawaddy.org/2012/07/blog-post_4309.html#more
0 comments :
Post a Comment