ထူးဆန်းတဲ့ မင်္ဂလာ လက်ထပ်ပွဲ

Monday, March 11, 2013

ကလေးတယောက်ဟာ အမေအရွယ်၊ အဘွားအရွယ် ရှိသူ တဦးနဲ့ မင်္ဂလာဆောင်ကြတယ်ဆိုရင် ကြားရသူ တိုင်း မယုံနိုင်စရာဖြစ်မှာပါ။ 

`
တကယ် ဖြစ်ပျက်ခဲ့တာကတော့ တောင်အာဖရိက နိုင်ငံ၊ Tshwane အရပ်မှာ အသက် ၈ နှစ်အရွယ် 
ကျောင်းသားလေး တဦးဖြစ်တဲ့ Sanele Masilela ဟာ အသက် ၆၁ အရွယ် ဟယ်လင် (Helen Shabangu ) ဆိုသူ အမျိုးသမီးကြီးနဲ့ ဧည့်ပရိသတ် ၁၀၀ ကျော်ရှေ့မှာ လက်ထပ် မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ 

သတို့သား ဖြစ်သူ Senele ရဲ့ အဘိုးဟာ ကွယ်လွန်သွားပြီးနောက်  တစ္ဆေလိုပုံစံနဲ့ မြေးဖြစ်သူ Senele ကို ဟယ်လင်ဆိုတဲ့ အသကင် ၆၁ နှစ်အရွယ်အမျိုးသမီးနဲ့ လက်ထပ်ဖို့ ပြောလို့ အခုလို ထိမ်းမြားကြတာဖြစ် တယ်လို့  Mail Online သတင်းတပုဒ် မှာ ဖော်ပြပါတယ်။ 

ကလေးငယ်ရဲ့ မိသားစုဟာ အခုလို ကလေးငယ်နဲ့လက်ထပ်ပွဲအတွက် စတာလင်ပေါင် ၁၅၀၀ လောက် ကုန်ကျခံခဲ့ရတာဖြစ်ပြီး ဒါဟာ ရိုးရာသဘောအရလျှင် ဖြစ်ခဲ့ပေမယ့် တရားဝင် လက်မှတ်ထိုးတာလည်း မရှိဘူး လို့ လည်း ဆိုထားပါတယ်။ 

ဒီအပြင် သူတို့ဟာ စတိ သဘော လက်ထပ် ပွဲ ကျင်းပတာဖြစ်ပြီး အတူနေကြမှာလည်း မဟုတ်ပါဘူးတဲ့။ မင်္ဂလာပွဲ ပြီးတာနဲ့ သူတို့ ၂ ဦးလုံးဟာ သူဟာ သူနေ၊ ကိုယ်ဟာကိုယ်နေအဖြစ်နဲ့ နေကြမှာပါ။ 



“ကျနော် တကယ့်ကို လက်ထပ်ချင်တဲ့သူနဲ့ပဲ ကျနော် လက်ထပ်ချင်ခဲ့တာကို အမေ့ကိုပြောခဲ့တယ်၊ ကျနော် ဟယ်လင့်နဲ့ လက်ထပ်ရတာ ပျော်ပါတယ်။ ကျနော်အရွယ်ရောက်လာရင်တော့ သက်တူရွယ်တူ မိန်း ကလေး တယောက်ကို လက် ထပ် မှာပါ” လို့ Sanele က ပြောပါတယ်။ 

အသက် ၄၅ နှစ်ရှိတဲ့ Sanele ရဲ့မိခင် Patience က “Senele ရဲ့ အဘိုးက သူမသေခင် သားကို လက်ထပ် ဖို့ တောင်းဆိုထားတယ်။ သူက ဟယ်လင်ကို ချစ်တော့ ဟယ်လင်နဲ့ လက်ထပ်ဖို့ ရွေးချယ်ခဲ့တာလေ”  လို့ ဆိုပါတယ်။ 

ဟယ်လင်ကတော့ “ဒါက ကွယ်လွန်သွားတဲ့ ဘိုးဘွားရဲ့ ဆန္ဒကို အကောင်အထည်ဖော် လိုက်ကြတာပါ” လို့ ဆိုပါတယ်။ 

ဟယ်လင်ဟာ သားသမီး ၅ ဦးရှိတဲ့ အိမ်ထောင်သည် အမျိုးသမီးဖြစ်ပါတယ်။ အကြီးဆုံးက အသက် ၃၇ နှစ် ရှိပြီး အငယ်ဆုံးက အသက် ၂၇ နှစ် ရှိပါပြီ။  ဟယ်လင်ရဲ့ ခင်ပွန်းနဲ့ သားသမီးတွေကလည်း အခု လက်ထပ်ပွဲကို ပျော်ရွင်ကြည်နူးမိကြောင်း ပြောကြပါတယ်။

အိမ့်သံစဉ် ~~



 ဓာတ်ပုံများ၊ Mail Online




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved