မိတ္ထီလာပဋိပက္ခ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း

Thursday, March 21, 2013

မိတ္ထီလာတွင် ဖြစ်ပေါ်နေသော အဓိကရိုဏ်းနဲ့ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိပါတယ်။ 



စုံစမ်းရေး အဖွဲ့ကို မန္တလေးတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာ 
ဖြစ်ပါတယ်။  

အပြည့်အစုံမှာ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ 
အမိန့်အမှတ်(၁၉/၂၀၁၃) 


စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဌအဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်စိုး၊ အဖွဲ့ဝင်များအဖြစ်
ဒုတိယ ရဲမှူးကြီးထွန်းနိုင် (ဒုတိယတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး)၊
ဒုတိယ ရဲမှူးကြီးမောင်မောင်မြင့် (မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး)၊
ဦးကျော်အေး (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)၊
အတွင်းရေးမှူးအဖြစ် ဦးတင်မောင်စိုး (မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး) တို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved