၈၈ မျိုးဆက်တွေ ထိုင်းနိုင်ငံကို လာရောက်လေ့လာ

Sunday, March 17, 2013

ဦးကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ထိုင်းနိုင်ငံ နိုင်ငံရေး ပဋိပက္ခနှင့် ငြိမ်းချမ်း
ရေး အခြေအနေများ လေ့လာရေး ခရီးစဉ်အဖြစ် ယနေ့ မတ်လ ၁၇ ရက် မှာ ထိုင်းနိုင်ငံ ကို ရောက်လာခဲ့ ပါတယ်။ 

 ဓာတ်ပုံ- ၈၈ မျိုးဆက် ~
အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ Kiongsan အရပ်ရှိ  Spirit in Education Movement (SEM) NGO အဖွဲ့ရုံးခန်းမှာ ၉ ရက်ကြာ လေ့လာရေးခရီးစဉ်နဲ့ပတ်သက်ပြီး SEM အဖွဲ့နဲ့ နေ့လယ်ပိုင်းထိ  ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုအံ့ဘွယ်ကျော်က ဧရာဝတီ ကို ပြောပါတယ်။

နေ့လယ်ပိုင်းမှာတော့  ထိုင်းနိုင်ငံမှာ နာမည်ကြီး ဖောင်ဒေးရှင်းတခုဖြစ်တဲ့  Sathirakoses Nagapradeepa Foundation ကို တည်ထောင်သူနှင့် ညွှန်ကြားရေးမှူး၊ ၀ါရင့်နိုင်ငံရေးကျွမ်းကျင်သူနှင့် အတိုက်အခံ ခေါင်း
ဆောင်တဦးဖြစ်တဲ့  Ajarn Sulak Sivaraksa ရဲ့  အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ဆွေးနွေး 
ဟောပြောပွဲကို တက်ရောက်ခဲ့ကြပါသေးတယ်။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved