“မေးရဲမေးကြည့်”

Sunday, March 31, 2013


တရားခွင်တခုမှာဖြစ်ပါတယ်။
နှစ်ဘက်ရှေ့နေများက သက်သေအဒေါ်ကြီး တယောက်ကို အပြန်အလှန် မေးခွန်းများ မေးနေကြတယ်။

တရားလိုရှေ့နေဦးမောင်မောင်က စ, မေးတယ်… …

“အန်တီကြီးခင်ဗျား၊ တဘက်က တရားပြိုင်ရဲ့ရှေ့နေကြီး ဦးကျော်ကျော်ကို သိပါသလား”

“သိတာပေါ့၊ ဒီ ကျော်ကျော် ဆိုတဲ့ကောင်ကို သူ ငယ်ငယ်လေးထဲက သိတာ၊
သောက်ပျင်းလေးပါ၊ ငယ်ငယ်က ကျောင်းပြေးတယ်၊ အိမ်စာမလုပ်ဘူး၊ ရပ်ကွက်ထဲရန်ဖြစ်တယ်၊ လိမ်ပြောတယ်၊
လူကြီးတွေ ဆိုဆုံးမလို့လဲ နားမထောင်ဘူး၊ လူဆိုးမှ တကယ်လူဆိုး”


ဒီတခါတော့ တရားပြိုင်ရဲ့ရှေ့နေ ဦးကျော်ကျော် မေးရမယ့်အလှည့်… …
ဦးကျော်ကျော်က မေးတယ်… …


“အန်တီကြီးခင်ဗျား၊ တဘက်က တရာ;လိုရဲ့ရှေ့နေကြီး ဦးမောင်မောင်ကိုရော သိပါသလား”

“အင်း…သိတယ်၊ ဒီ မောင်မောင် ဆိုတဲ့ကောင်ကိုလည်း ငယ်ငယ်လေးထဲက သိတာ၊
သူလည်း ဘာထူးလို့လဲ၊ လူဆိုးလူမိုက်လေး၊
အရက်က သောက်သေးတယ်၊ သူများပစ္စည်းငှားပြီး ပြန်မပေးဘူး၊ ပေါင်းမယ့်သင်းမယ့်လူလည်း မရှိ၊
မိန်းကလေးတွေကို လိုက်နှောက်ယှက်လို့ ရုံးရောက်ဂတ်ရောက် ခဏခဏပဲ”

အဲဒီအချိန်မှာပဲ တရားသူကြီးက ခုံကို တူနဲ့ထုရင်း အခုလို လှမ်းအော်ပြောလိုက်ပါတော့တယ်… ….

“နှစ်ဘက်ရှေ့နေတွေ နားထောင်၊ ‘တရားသူကြီးကို သိသလားလို့’ ဒီအဒေါ်ကြီးကို ..မေးရဲ မေးကြည့်၊ ငါးမိနစ်အတွင်း ထောင်ချပစ်မယ်…ဒါပဲ”….တဲ့။

သန်၎ကို ~


  ဧရာဝတီ Facebook / ဧရာဝတီ Twitter

4 comments :

  1. Anonymous said... :

    မေးရဲမေးကြည့်ဟာသလေးကိုကြိုက်တယ်ဗျာ..။ ကိုဇာဂနာတို့ထက်စာရင် အဆင့်အတန်းအများကြီး ရှိပါတယ်။ ပြည်သူချစ်တဲ့အနုပညာရှင်အမည်တပ်ပြီး ကိုဇာဂနာရဲ့ ပျက်လုံးတွေက တော်တော်ဆိုးဆိုး ၀ါးဝါးနိုင်လွန်းလှပါတယ်။ သူတောင်းစားလွှတ်တော်တို့...သမ္မတို့ကိုပျက်လုံးထုတ်လို့ပြောတာမဟုတ် ပါဘူး။ ယဉ်ယဉ်ကျေးကျေးလေးပေါ့။ ဟိုတုံးက အားလုံးညာချနေတယ်ဆိုတဲ့ပျက်လုံးမျိုးကောင်း ပါတယ်။ပြောရယင်ကိုဇာဂနာဒိတ်အောက်သွားပြီနော်...။ဒါပြည်သူတွေကိုယ်တိုင်ပြောနေတဲ့ စကားပါ။ ကျေးဇူးတင်ပါသည်။

  1. Anonymous said... :

    လက်ခံပါတယ် မကြိုက်လဲအတိုင်းအတာတော့
    ရှိသင့်တာပေါ့

  1. Anonymous said... :

    ဇာဂနာ ပျက်လုံးတွေက အစိုးရကိုတိုက်ခိုက်တာထက် ပြည်သူတွေကိုပါ အထင်သေးတဲ့ ပုံစံတွေပါလာ
    ပါပြီ ပြည်သူတွေလဲ မ အ တော့ပါ

  1. Anonymous said... :

    It is sad to hear that people like to hear bad things about Government only but refuse to accept criticism. In fact I admire Zarganar for his quick wit and sharp humor-ism.
    I believe he is a honest Artist and his views reflect the situation in Myanmar as seen by him but people may not like it because they refuse to change. Change should be for all and not only for Government (Even I don't believe it is complete change happening now but this is a good start)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved