ပါ့စ်ပို့စာအုပ်ရရေး လျှောက်လွှာ စာရွက် ၃ ရွက်သာလိုတော့

Wednesday, March 20, 2013

ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးက မြန်မာ နိုင်ငံကူး လက်မှတ် 
လျှောက်ထားရာတွင် အချိန်ကုန်၊ ငွေကုန် သက်သာမှုတွေ ရှိစေဖို့ ဖြေလျှော့မှုတွေ လုပ်ပေးနေတယ်လို့ ယနေ့ မတ်လ ၂၀ ရက်နေ့  နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ 


 
အရင်က  မြန်မာ နိုင်ငံကူး လက်မှတ် လျှောက်ထားရာ မြန်မာ နိုင်ငံကူး လက်မှတ်လျှောက်လွှာ ပုံစံများနှင့် ပတ်သက်၍ ယခင်က ဖြည့်စွက် လျှောက်ထားရသည့် လျှောက်လွှာပုံစံ ၁၄ ရွက်တောင် ရှိခဲ့တာပါ။ ဒီအပြင် ယခင်က ပါ့စ်ပို့ စာအုပ်ထွက်လာဖို့ ၃ လကြာ စောင့်ရပြီး နောက်ပိုင်း ၁ လ၊ ၃ ပတ် စသဖြင့်  ဖြေလျှော့ပေး လာခဲ့ရာ အခုတော့ ၁၀ ရက်နဲ့ အပြီး လုပ်ပေးတော့မှာလည်း ဖြစ်ပါတယ်။

အခုလျှောက်လွှာပုံစံနဲ့ပတ်သက်ပြီး ၅ ရွက်သာ  ဖြည့်သွင်း လျှောက်ထား ရတော့မှာ ဖြစ်ကြောင်း ဖော်ပြ ခဲ့ပေမယ့် ထပ်မံ ဖြေလျှော့ပြီး ၃ ရွက်သာ ဖြည့်စွက်လျှောက်ထားရတော့မယ်လို့ ဆိုပါတယ်။ 

အဲဒီ ၃ ရွက်ကတော့  ကိုယ်ရေး မှတ်တမ်း ထိန်းသိမ်းရန် ပုံစံ(၂-စုံ) ၂ - ရွက် ( ၄ - မျက်နှာ)၊ ကွန်ပျူ တာ လျှောက် လွှာ ပုံစံ (၁-စုံ) ၁ ရွက် စုစုပေါင်း သုံးရွက်ဖြစ်ပါတော့တယ်တဲ့။ 


ယခင်က မြန်မာနိုင်ငံကူး လက်မှတ် ပြုလုပ်ရာမှာ ဆေးပညာ ဘွဲ့ရရှိပြီးသူ ဆရာဝန်တွေ အနေနဲ့ ဘွဲ့လျော် 
ကြေး အဖြစ် ကျပ်ငွေ ၁၀ သိန်းနဲ့ ရိုးရိုးဘွဲ့ အတွက် လျော်ကြေး ကျပ် ၁ သောင်း ၂ ထောင် ပေးဆောင်ခဲ့ ရပေ မယ့် အခု ပေးဆောင် စရာ မလိုတော့ပါဘူးလို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ပြည်ထဲရေး ၀န်ကြီး ဋ္ဌာန အရာရှိ တဦးကို ကိုးကားပြီး MRTV 4 သတင်းတပုဒ်မှာလည်း ဖော်ပြပါတယ်။ 

အခုလို အချိန်ကုန်သက်သာ၊ စာရွက်သက်သာမှုတွေကြောင့် နိုင်ငံခြားထွက်သူတိုင်းအတွက် ပါ့စ်ပို့ရရေး ကတော့ နိုင်ငံတကာနဲ့ အပြိုင် လုပ်ဆောင်လာလို့ ကြိုဆိုကြကြောင်း ပြောဆိုသံတွေ ဆက်တိုက်ပေါ်ထွက် လာနေပါတယ်။ 

အိမ့်သံစဉ် ~

1 comments :

  1. Anonymous said... :

    အမှန်တကယ်ဆို ဘာစာရွက်မှ မလိုဘူး။ တစ်ချို့ နိုင်ငံတွေမှာ ဘာစာရွာ စာတမ်းမှ မလိုဘူး။ လူတိုင်းမှာ ခရီးသွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ ပတ်စပို့  ကိုင်ထားကြရတယ်။ စာအုပ်လုပ်ချင်တယ်ဆိုပြီး ပတ်စပို့ ရုံးသွားလိုက်ရင် ကွန်ပြူတာထဲမှာ သက်ဆိုင်ဝန်ထမ်းက ကိုယ်ရေးအချက်အလက်ရေးပြီးသား စာရွက်ထုတ်ပေးတယ်။ ကိုယ်က မှန်ကန်ကြောင်း စစ်ဆေးပြီး လက်မှတ်ထိုးပေးလိုက် ကျသင်စရိတ်ထုတ်ပေးလိုက်ရင် ရပြီး။ တစ်ပတ် ၅ ရက်အတွင်းရတယ်။ စာတိုက်ကနေ ပို့ ပေးတာ လိုချင်တယ်ပြောလိုက်ရင် စာပို့ ခပေးခဲ့ရင် အိမ်ကို တိုက်ရိုက်ပို့ ပေးတယ်။ ဒီအခြေအနေရောက်အောင် မြန်မာနိုင်ငံက လူဝန်မှုကြီးကြပ်ရေးဌာန အများကြီး ပြုပြင်ဖို့ လိုပါတယ်။ အစစအရာရာ ပြည်သူတွေ သက်သာလွယ်ကူအောင် လုပ်ပေးဖို့  စေတနာ တကယ်ရှိဖို့ လိုအပ်ပြီး။ အခုလက်ရှိ ကြိုးစားအားထုတ်မှု့ ကို အသိအမှတ်ပြုပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved