ပါ့စ်ပို့ လျှောက်ရာမှာ ပညာရေး ကင်းရှင်းကြောင်း လုပ်စရာ မလိုတော့

Sunday, March 17, 2013

အခုတလော အစိုးရက နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွေ၊ ပြည်ပထွက်ခွာ ခွင့်ကိစ္စတွေနဲ့ ပတ်သက်ပြီး
ခေတ်နဲ့ လျော်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တခုပြီးတခု လုပ်ဆောင်ပေးလာတာတွေ့ရပါတယ်။ 


 နိုင်ငံကူးလက်မှတ်လျှောက်ထားသူတိုင်း ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက် ပူးတွဲ တင်ပြတဲ့ကိစ္စကို ယခု မတ်လ ၁၈ ရက်နေ့က စပြီး လုပ်စရာ မလိုတော့ဘူးလို့ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေ မှာ ဖော်ပြလာပါပြီ။  


ရိုးရိုး ဘွဲ့ရသူတွေ၊ မဟာဘွဲ့ရသူတွေ၊ ပါရဂူဘွဲ့ရသူတွေအနေနဲ့ နိုင်ငံခြား ထွက်ခွာဖို့ ပါ့စ်ပို့  
လျှောက်ထားတိုင်း အဆိုပါ သက်ဆိုင်ရာ ပညာ အဆင့်အလိုက် လျော်ကြေးငွေ အပေါင်ပေးသွင်းပြီး ပညာရေး ကင်းရှင်းကြောင်း ထောက်ခံစာ ရယူတင်ပြကြရတဲ့အတွက် အလွန်ဝန်ပိုတဲ့ ကိစ္စ တခု ဖြစ်ခဲ့ ပါတယ်။
စာရွက်စာတမ်းကိစ္စ အလုပ်မရှုပ်ချင်တာကြောင့် ဘွဲ့ရသူတွေက  လျှောက်လွှာမှာ ပညာအရည်အချင်း - ဆယ်တန်းအောင်၊ တက္ကသိုလ် ပထမနှစ် စသဖြင့် ဖြည့်စွက်ကြပါတယ်။ ကိုးတန်းအောင် လို့ ခပ်တည်တည် ရေးဖြည့်သူလည်း ရှိပါတယ်။

ဒါကို နိုင်ငံကူးလက်မှတ်ရုံး အရာရှိမင်းများ သဘောပေါက်ပြီးသားပါ။
စာရွက်စာတမ်းကိစ္စ အလုပ်မရှုပ်ချင်လို့ ဗြောင်လိမ်ရတယ် ဆိုတာ သိကြမှာပါ။

စည်းကမ်းချက်တခု ဖြေလျှော့ပေးလိုက်တဲ့အတွက် ဗြောင်လိမ်စရာ မလိုတော့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved