နေပြည်တော် တော်လှန်ရေးနေ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Wednesday, March 27, 2013

ယနေ့ မတ်လ ၂၇ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် တော်လှန်ရေးနေ့ ( တပ်မတော်နေ့)ကို တိုက်ရိုက် ထုတ်လွှင့် ပြသပြီး ထူးခြားမှု တခုမြင်ကွင်းအဖြစ်နဲ့ မြင်တွေ့လိုက်ရတာကတော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ဥက္ကဋ္ဌအနေနဲ့ အထူး ဧည့်သည်တော် နေရာမှာ တွေ့မြင် လိုက်ရတာပါဘဲ။  

 နေပြည်တော်တွင် ကျင်းပတဲ့ တပ်မတော်နေ့သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

ဒီနှစ် ကျင်းပတဲ့ တော်လှန်ရေးနေ့( တပ်မတော်နေ့)ကို  ဒေါ်အောင်ဆန်းစုကြည်တက်ရောက်တာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။



အခမ်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တို့တာဝန်အရေး ၃ ပါး ကားကွယ်ရေး၊ ဖွဲ့စည်းပုံနဲ့အညီ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာ  ပြည်သူနဲ့ လက်တွဲပြီး ပါဝင်ရေ။၊ ပြည်တွင်း၊ ပြည်ပရန် ပူးပေါင်းကာကွယ်ရေး၊ နိုင်ငံတော်ရဲ့ အချုပ်အချာ တည့်တံ့ခိုင်မြဲရေးနဲ့ စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ရေးတို့အတွက် ဦးတည်လုပ်ဆောင်ချက်တွေကို အလေးထားပြီး မိန့်ခွန်းပြောကြားသွားပါတယ်။

မြန်မာ့တပ်မတော်မှာ တတိယမြောက် ဗိုလ်ချုပ်မှူးကြီး ဖြစ်လာသူ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဂုဏ်ပြု တပ်ဖွဲ့အား စစ်ဆေးခြင်းမှာ စစ်လက်နက် ပစ္စည်း အသစ် အဆန်းတချို့ကိုလည်း ထုတ်ပြသွားပါတယ်။



 အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved