ကောလာဟလ မုန်တိုင်းရန် ကာကွယ်ရေး

Thursday, March 28, 2013

ကောလာဟလတွေကြောင့် ပြဿနာ မဖြစ်ပွားဖို့ ရခိုင်ပြည်နယ် သံတွဲ ခရိုင်တွင် ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ အစီအစဉ်နဲ့ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ၊ မြို့မိမြို့ဖများတွေနဲ့ ဖွဲ့စည်းကာ မတ်လ ၂၇ ရက်နေ့က လုပ်ငန်းတွေ စတင် ဆောင်ရွက်နေပါတယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ- getthelowdown.co.uk~

အဲဒီ ကောလာဟလများ တိုက်ဖျက်ရေးနဲ့ သတင်းမှန် ဖြန့်ချီရေး အဖွဲ့ဝင်တွေဟာ မနက်၊ ည ၂ ဆိုင်း ခွဲပြီး၂၄ နာရီ ကာလပတ်လုံး မြို့နယ်တွင်းက ကျေးရွာတွေအထိပါ အသီးသီး ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ပြီး ကောလာဟာလ ပပျောက်ရေးအတွက် လုပ်ဆောင်နေတာလို့ ယနေ့ထုတ် ကြေးမုံသတင်းစာမှာ  နိုင်ငံရေးသမားတဦးကို ကိုးကား ဖော်ပြထားပါတယ်။ 

ဒီကောလာဟလတွေကြောင့် ရန်ကုန်အပါအ၀င် မြို့တော်တော်များများမှာ ပြည်သူတွေ စိုးရိမ်နေကြ ရပြီး ကောလာဟလကို စနစ်တကျ ထုတ်လွှင့်နေသူ တဦးဦး သို့မဟုတ် အဖွဲ့အစည်း တခုခု ရှိမယ်လို့လည်း ခန့်မှန်း ပြောဆိုသံတွေ တော်တော်ပေါ်ထွက်လာနေပါတယ်။ 

မိတ္ထီလာက အစပြုပြီး ပဲခူးတိုင်း နယ်မြို့တချို့တွေမှာပါ ဆူပူအကြမ်းဖက်မှုတွေဖြစ်ပွားလို့ ရန်ကုန်နဲ့ မြို့ကြီး တချို့ လည်း ကောလာဟလတွေရဲ့ ဒဏ်ကို အလူးအလဲ ခံစားနေကြရပါတယ်။ 

မနှစ်က ရခိုင်ပြည်နယ်မှာလည်း မတည်မငြိမ်ဖြစ်ရပ်တွေ ဖြစ်ထားတာမို့ သံတွဲ ခရိုင်ကတော့ ဒီလို ကောလာဟလ မုန်တိုင်းအတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှု တခု တည်ဆောက်ထားလိုက်တာပါ။  

ကောလာဟလ မုန်တိုင်း ဘယ်တော့စဲသွားမယ်ဆိုတာ လူအများ သိချင်နေကြပြီး အမြန်ဆုံး အေးချမ်း  လုံခြုံစွာ နေချင်ကြတယ်လို့ သက်ဆိုင်ရာဒေသခံတွေက ဧရာဝတီကို ပြောထားကြပါတယ်။ 



အိမ့်သံစဉ် ~ 


2 comments :

  1. အင်းပါဗျာ.........

  1. Simply that sun.

    The largest
    sound revives
    in the memory
    like a gentle
    delight in the
    heart of a
    dream.

    Francesco Sinibaldi

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved