ကြုံတွေ့ရတော့မည်မဟုတ်ဟု ယနေ့သထုံမြို့နယ်နောင်ဘိုရွာ၌ပြုလုပ်သည့် KNU တပ် မဟာ ၁ ဆက်ဆံရေးရုံးဖွင့်ပွဲသို့ တက်ရောက်လာသည့် ဒေသခံများကပြောသည်။
(သူတို့ပြောသည့် ဗမာ/ဗမာစစ်တပ် ဆိုသည်မှာ မြန်မာ့တပ်မတော်ကို ဆိုလိုခြင်း ဖြစ်သည်။ ကရင်စစ်တပ် ဆိုသည်မှာ KNU၏ လက်နက်ကိုင်တပ်ဖွဲ့ကို ဆိုလိုသည်။ ယခု သတင်းတွင် အရပ်သားများအကြား ပြောဆိုနေသည့်အတိုင်း သုံးနှုန်း ရေးသားလိုက်ပါသည်)
အလံတရာဘုရားတောင် အနောက်ဘက်တွင်နေထိုင်သည့် စောသာစိန်က ”ကျွန်တော် အသက် ၇၀ ရှိပြီ။ ကရင်နဲ့ဗမာတွေ အခုလိုဖြစ်တာ ၀မ်းသာတယ်။
အဲလိုမှမဟုတ်ရင် နှစ်ဘက်စစ်တပ်တွေ နှိပ်စက်တာနဲ့ ကျွန်တော်တို့ ဒီဘ၀ကနေ လွှတ်မှာမဟုတ်ဘူး” ဟု ပြောသည်။
နှစ်ဘက်ပဋိပက္ခကြောင့် နှစ် ၆၀ ကျော် ကာလအတွင်း ဒေသခံများ ဆိုးရွားစွာဖြတ်သန်းခဲ့ရသည့် မတရားမှုများ ကုန်ဆုံးတော့မည်ဟု
ထင်မြင်ယူဆကြောင်း၊ ကရင်နှင့်မြန်မာ အပြန်အလှန် ရိုးသားကြမည်ဆိုပါက ယခု တည်ဆောက်မည့် ငြိမ်းချမ်းရေးမှာ မလွဲမသွေ အောင်မြင်မည်ဟုလည်း
စောသာစိန်ကပြောသည်။
ကျိုက်ထီးရိုးဘုရားအနီးရှိ ကင်မွန်းစခန်းရွာသူ မစောချစ်က ”ကျွန်မ အဖေကို ဗမာစစ်တပ်ကသတ်လို့ သေရသလို ကျွန်မအကိုကျတော့ ကရင်စစ်တပ်က
သတ်လို့သေရတယ်”
”နှစ်ဘက်ရန်ကိုကြောက်ရလို့ အိမ်ယာ ဥယျာဉ်ခြံမြေတွေကို ပစ်ထားပြီး သထုံဘက်ကို အသက်လုပြေးရတယ်။ ကိုယ့်လိုဘ၀တူလူတွေလည်း
အများကြီးပဲ။ အခုလုပ်မယ့် ငြိမ်းချမ်းရေးကို နှစ်ဘက်လူကြီးတွေ ရိုးရိုးသားသား လုပ်ကြဖို့ပဲ ပြောချင်တယ်” ဟု ဆိုသည်။
ရွာသား တထောင်ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်၊ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့က အကျိုးမရှိသည့် လက်နက်ကိုင် ပဋိပက္ခများကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး တည်ဆောက်သွားကြမည်ဟု ပြောဆိုကြသည်။
သံသယ
နှစ်ဘက် ခေါင်းဆောင်ပိုင်း၏ ငြိမ်းချမ်းရေးစကားလုံးများနှင့် ပတ်သက်ပြီး ဒေသခံ တချို့က သံသယဖြစ်နေကြသည်။
အနှစ် ၆ဝ ကျော်ကြာ ပြည်တွင်းစစ်မီး အမှန်တကယ် ပြီးစီး ငြိမ်းအေးသွားသည်ကို မြင်လိုသော်လည်း သူတို့၏ အတွေ့အကြုံအရ လက်တလော ငြိမ်းချမ်းရေး တည်ဆောက်မှုကို သံသယ ရှိနေခြင်း ဖြစ်သည်။
ဘီလင်းမြို့နယ်၊ နတ်ကြီးရွာသား ဦးစံခင်က ”သူတို့ပြောတဲ့ငြိမ်းချမ်းရေးကို စိတ်ထဲရှိတဲ့အတိုင်း ဆိုရင် မယုံဘူး။
ဆောက်ဖြစ်မှကျောင်းတကာ ဆိုသလို နောက်မှပဲ သာဓုခေါ်မယ်” ဟု ပြောသည်။
အကျင့်ဆိုးက မပျောက်ချင်သေးဘူး
ရှေးဘုရင်တွေအမွေပေးခဲ့
နေ၀င်း၊ သန်းရွှေက လက်ဆင့်ကမ်းခဲ့
လူလူချင်း ဘာမှ လက်အုပ်ချီ နူတ်ဆက်နေစရာအကြောင်းမရှိဘူး
သူတို့က ပိုမြင့်မြတ်နေချင်သေး
တာဝန်ရှိ ခေါင်းဆောင်ဆိုတဲ့ ဗမာ၊ ကရင် လူကြီးမင်းတို့ရေ