လက်ပံတောင်း အစီရင်ခံစာကို ရန်ကုန်တိုင်း NLD ထောက်ခံ

Wednesday, March 20, 2013

စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် ဝေဖန်မှုတွေ ပေါ်ထွက်နေစဉ်မှာဘဲ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း  ယနေ့ မတ်လ ၁၉ ရက် 
နေ့စွဲနဲ့ သဘောထား ကြေညာချက် တခု ထုတ်ပြန်ထားပါတယ်။

လက်ပံတောင်း အစီရင်ခံစာအပေါ် အမြင်အမျိုးမျိုးရှိကြပေမယ့် ရန်ကုန်တိုင်း NLD က ထုတ်ပြန်ကြေညာ ချက် မှာ အချက် ၅ ချက်နဲ့ သဘောထားကို ပြောဆိုထားပါတယ်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တဲ့ လက်ပံတောင်း အစီရင်ခံစာမှာ လက်ပံတောင်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းကို ရှုတ်ချထားပြီး ထိခိုက် ဒဏ်ရာရတဲ့ သူတွေ ရဲ့ မိသားစုဝင်တွေနဲ့ အတူ ထပ်တူ ခံစားရတယ်လို့ ကြေညာချက်မှာ ပထမဆုံး ဖော်ပြထားပါတယ်။ 

ဒီအပြင် မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန် လှည့်သွားမည်ကို စိုးရိမ်တယ်လို့လည်း ဖော်ပြထားပြီး 
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ ပြည်သူတွေရဲ့ ရေရှည် အကျိုးစီးပွားတွေ ကို ရှေ့ရှုပြီး ဥာဏ်အမြော်အမြင်နဲ့ လုပ်ဆောင်ခဲ့တဲ့ လက်ပံတောင်း အစီရင်ခံစာကိုယုံကြည် ထောက်ခံ
ကြောင်း ပြောထားပါတယ်။ 

ဒီအပြင်  အစီရင်ခံစာ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအနေနဲ့ အစီရင်ခံစာပါ အကြံပြုချက်
တွေကို အမြန်ဆုံး တိကျစွာ အကောင်အထည်ဖော်ပေးဖို့ တိုက်တွန်း ထားပါသေးတယ်။ 


အပြည့်အစုံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရဲ့ ကြေညာချက်မှာ ဖတ်နိုင်ပါ တယ်။ 




 အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved