NLD ဗဟို ညီလာခံ ကိုယ်စားလှယ် ၄ ဦး အား တာဝန်မှ ရပ်စဲ

Tuesday, March 5, 2013


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ ပါတီတွင်း ညီညွတ်ရေးကို ပျက်စီးစေသော အပြုအမှု၊ အပြောအဆို လှုပ်ရှားမှုတွေ ပြုလုပ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့လို့ ပါတီရဲ့ ဗဟို ညီလာခံ ကိုယ်စားလှယ် ၄ ဦးကို ဗဟို ညီလာခံ ကိုယ်စား လှယ်များ အဖြစ်က ရုပ်သိမ်းလိုက်ကြောင်း ညီလာခံ ကျင်းပရေး ကော်မရှင်က ယနေ့ မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။  

အဆိုပါ ၄ ဦးကတော့ 

၁။ ဦးခင်မောင်ဝင်း ( ဗဟို ညီလာခံ ကိုယ်စားလှယ်၊ ဥက္ကဌ ၊ အလုပ်အမှုဆောင်၊ NLD လမ်းမတော် မြို့နယ်) 

၂။ ဦးသန့်စင်( ဗဟို ညီလာခံ ကိုယ်စားလှယ်၊ NLD ၊ ရွှေပြည်သာမြို့နယ်) 

၃။ ဦးခင်မောင်ရှိန် ( ဗဟို ညီလာခံ ကိုယ်စားလှယ်၊ NLD၊ မြောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး) 

၎။ ဒေါ်မိမိကြီး ( ဗဟို ညီလာခံ ကိုယ်စားလှယ်၊ NLD ၊ ကောလင်းမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး) 

တို့ဖြစ်တယ်လို့ ညီလာခံကျင်းပရေး ကော်မရှင် က ထုတ်ပြန်ထားပါတယ်။

အပြည့်အစုံနဲ့ မူရင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။


4 comments :

  1. Anonymous said... :

    မြန်မာတွေက ၃ ယောက်ရှိရင် ၄ စုကွဲပါတယ်
    NLD ခေါင်းဆောင်တွေကလဲ ရည်ရွယ်ချက်ကင်းမဲ့နေသလိုပါဘဲ
    ပြောခဲတုန်းကတော့ ပြည်သူအတွက် ပြည်သူအသံ အဓိကထားမယ်ပေါ့
    တကယ်တကယ်လက်တွေမှာ ..ရခိုင်ကအသံတွေလဲမကြားတတ်ဘူး
    လက်ပန်းတောင်းတောင်ကပြသာနာလဲ အဖြူအမဲမသဲကွဲဘူး
    လယ်သိမ်းယာသိမ်းပြသာနာတွေလဲ မသိချင်ယောင်ဆောင်နေတယ်
    မအူပင်ပြသာနာလဲ နူတ်ဆိပ်ပြီးမသိချင်ယောင်ဆောင်နေတာ ..ဘာလို့ ပါလဲ
    ကြောက်လို့ လား .. အာဏစွန့် ရာမှာဆိုးလို့ လား ... ရာထူးမက်နေတာလား

  1. Anonymous said... :

    ဘယ်က အာဏာလဲ ။ nld အာဏာ ရသွားပီလား ။ နိုင်ငံ ရေး လုပ်ချင်ရင် နိုင်ငံရေး ကို လေ့လာပါ ။ အပြစ် ဖို့ချင် တာနဲ့ ဘာမှလုပ် ခွင့် မရှိ သူကို လွှဲမချပါနဲ့ ။

  1. sour grain said... :

    2nd comment is right.Who has authorities n responsibility?Who is today government?Nld? 88?

  1. Anonymous said... :

    အမေ စု ဘက်က ထာဝရ ရပ်တည်ပေးမယ့် ၈၈။နေရာမလိုဘူး အာဏာမလိုဘူး သာကူးမဖြစ်ချင်ဘူး ။ ပါတီဝင် မဟုတ်ပေမယ့် အမေ့ ရဲ့ ဘက်တော်သား တွေ ရှိနေတာ အမေ သိပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved