Samsung Galaxy S4 လာတော့မယ်

Tuesday, March 5, 2013



Samsung  ကုမ္မဏီက သူတို့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် Galaxy S 4 ကြော်ငြာကို အင်တာနက် Youtube မှာ တင်ပြီးတော့ လာမယ့် ၁၄ ရက်နေ့ မှာ ပရိသတ်နဲ့  စတင် မိတ်ဆက်ပွဲပြုလုပ်မယ်လို့ ကြေညာလိုက်ပါပြီ။

Samsung ဟာ ပြီးခဲ့တဲ့လတုန်းက နာမည်ကြီး နည်းပညာဝက်ဆိုဒ် ၊ မဂဇင်း အယ်ဒီတာတွေကို ဖိတ်ကြားစာတွေ ပေးပို့ခဲ့ပြီး "Be Ready 4 the Next Galaxy."  ဆိုတဲ့ စာသားပါတဲ့ ဗူးလေးတွေကို ပေးပို့ခဲ့ပါတယ်။

အသစ်ထွက်မယ့် မျိုးဆက်သစ် ဂလက်ဆီဖုန်းတွေကို   နယူးယောက်မှာ သီးသန့်မိတ်ဆက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဘယ်လိုနည်းပညာအသစ်တွေ ပါမလဲ
ဆမ်ဆောင်းက ထွက်ရှိမယ့် မျိုးဆက်သစ် Galaxy S 4 မှာ eye-tracking software လို့ ခေါ်တဲ့ နည်းပညာ အသစ် ပါဝင်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

နယူးယောက် တိုင်းမ် သတင်းစာကတော့ ဒီဖုန်းဟာ အသုံးပြုသူရဲ့ မျက်လုံးစေစားရာကိုကြည့်ပြီး အလိုအလျောက် အလုပ်လုပ်ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ဥပမာပြောရရင်တော့ အသုံးပြုသူတစ်ယောက်က စာဖတ်နေတုန်း အောက်ဆုံးနားရောက်သွားရင် ၊ လက်နဲ့  နှိပ်စရာ မလိုဘဲနဲ့  eye-tracking software ကနေပြီး
သူ့ အလိုလို အောက်ဘက် ရွေ့သွားတာမျိုး၊  နောက်စာမျက်နာတခုကို ရောက်သွားတာမျိုး ဖြစ်ပါတယ်။

ဧရာဝတီဘလော့မှာ ဖော်ပြခဲ့တဲ့ Samsung သတင်းတချို့

ဒီနည်းပညာတွေနဲ့ ပတ်သက်ပြီးတော့လည်း Samsung ဟာ အမေရိကမှာ မူပိုင်ခွင့် ပြုလုပ်ပြီးကြောင်း သတင်းထွက်နေပါတယ်။
ဒါကြောင့် Samsung ဟာ  သူ့ရဲ့နည်းပညာသစ်တွေဖြစ်တဲ့ "Samsung Eye Scroll" and "Eye Pause" တို့ကို Galaxy S 4 မှာ ထည့်သွင်းဖွယ်ရှိကြောင်း သိရပါတယ်။

ပါဝင်နိုင်မယ့် နည်းပညာများ
1.eight-core Exynos processor, a separate eight-core graphics processing unit
2.4.99-inch Super Amoled display, 2GB of RAM
3. 13-megapixel rear camera with 1080p video capability, a 2-megapixel front-facing camera
4. the latest version of Android, known as 4.2.2 Jelly Bean.

ဆမ်ဆောင်းရဲ့Galaxy S 4 ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ လင့်မှာ ကြည့်ရှုနိုင်ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=dIEfNaNCkKM

ဆောင်းဦးလင်း ~Source:

http://news.cnet.com/8301-1035_3-57572402-94/samsungs-galaxy-s4-rumored-to-use-eye-tracking-software/
http://news.cnet.com/8301-1035_3-57572304-94/samsung-unpacks-galaxy-s4-teaser-video/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved