ဓာတ်ပုံ- ၈၈ မျိုးဆက် ~
ပြီးရင်တော့ ကလေးမြို့မှ တာဟန်း ဒေသကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံ
ဆွေးနွေးမှုတွေ လုပ်ဖို့ ရှိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဆိုပါတယ်။
ပြီးရင်တော့ ကလေးမြို့ကို ပြန်လာပြီး ဒေသခံတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ရှိပါတယ်။ လာမယ့် မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီမှာတော့ ကလေးမြို့မှတဆင့် တီးတိန်မြို့ကို ဆက်လက် ထွက်ခွာပြီး တီးတိန်မြို့မှာလည်း ပွင့်လင်းဆွေးနွေးပွဲ လုပ်ဖို့ ရှိပါတယ်။
ထိုမှတဆင့် ရိဒ်ရေကန်အနီးမှာ လူထုတွေ့ဆုံပွဲ လုပ်သွားမှာဖြစ်ပြီး မတ်လ ၉ ရက်နေ့မှာ ဖလန်းမြိုနဲ့ ဟားခါးမြို့တွေမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ရှိပြီး မတ်လ ၁၀ ရက်နေ့မှာတော့ တမူးမြို့မှာလည်း အလားတူ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မှာပါ။
၈၈ မျိုးဆက်ကျောင်းသားများရဲ့ ချင်းပြည်နယ် ပွင့်လင်းခရီးစဉ်ဟာ မတ်လ ၁၂ ရက်နေ့မှာ အဆုံးသတ်ပြီး
ရန်ကုန်မြို့ကို အဆိုပါနေ့လယ်ပိုင်းမှာ ၈၈ ကျောင်းသားတွေဟာ ပြန်လည်ရောက်ရှိကြမှာဖြစ်ပါတယ်။
0 comments :
Post a Comment