စောင့်ရတာ မောပေါ့

Thursday, April 11, 2013


မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး ဆိုတဲ့ စကားကို    တန်ဖိုးနည်း ဖုန်းကတ် မျှော်နေကြသူတွေဆီကနေ ကြားကြရမှာပါ။


ဖုန်းဝယ်ဖွယ်ရှိတဲ့ ဖောက်သည်များကို စောင့်နေသူ ရန်ကုန်မြို့ လမ်းဘေးဈေးသည်တဦး
ဒီလ ၂၄ရက်မှာ  စီဒီအမ်အေ ဆင်းကတ်တွေကို စတင် ရောင်းချ ပေးမယ် ဆိုတဲ့ သတင်းကြောင့် တချို့က ဒီလိုပြောနေကြတာပါ တဲ့။

    “ကျွန်မက နှစ်သိန်းတန်ဖုန်းကို မ၀ယ်ဘဲ တန်ဖိုးနည်း ဖုန်းကို စောင့်နေရင်း ဂျီဟန်းဆက် တစ်သိန်းကျော်တန်ကို အရင် ၀ယ်ထားလိုက်တယ်။ 
အခုကျတော့ စီဒီ အမ်အေ ဆင်းကတ် ဆိုတော့ ဂျီအက်အမ် ဟန်းဆက်က သုံးလို့ မရဖြစ်သွားတယ်။  ထပ်ထွက်တာကိုလည်း ထပ် မစောင့်ချင်တော့ဘူး။ 
၁,၅၀၀ တန်ဝယ်ပြီးတော့ စီဒီ အမ်အေ ဟန်းဆက်ကိုပဲ ထပ်ဝယ်ရတော့မယ်” လို့ ရန်ကုန် မြို့မှာ အလုပ် လုပ်နေတဲ့ ကုမဏီ ၀န်ထမ်း ဖြစ်သူ မစုစု ကပြောပါတယ်။

    မစုစုလိုမျိုးပဲ ဂျီအက်အမ် ဟန်းဆက်ကို ၀ယ်ယူထားတဲ့ သူတွေဟာလည်း ယခု ထွက်ပေါ်လာတဲ့ ဆင်းကတ်တွေကြောင့် ကမ်းရိုးတန်းဖုန်း ဟန်းဆက်ကို ပဲ ထပ်ဝယ် ရ မယ့် ကိန်းဆိုက်နေကြတယ်လို့ သိရပါတယ်။

 ယခု ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ရက်နေ့က စပြီး CDMA 800 MHz ဆင်းကတ်များကို ငွေကျပ် ၁၅၀၀ နှုန်းနဲ့ စီဒီအမ်အေ လိုင်းရှိတဲ့ နေရာများမှာ စတင် ရောင်းချပေးမယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားပါတယ်။

    CDMA 800MHz ဆင်းကတ်နဲ့ WCDMA နှစ်ခုလုံးကို တစ်ပြိုင်နက် ချထားပေးမယ်ဆိုပေမယ့် WCDMA အမျိုးအစားများကိုတော့ CDMA 800MHz ကွန်ယက်ရှိတဲ့ တိုင်းဒေသကြီး၊  ပြည်နယ်တွေမှာသာချထားပေးမယ်လို့ ဆိုပါတယ်။

    ဒါကြောင့်မို့ဖုန်းဟန်းဆက်အရောင်းဆိုင်တွေမှာ CDMA နဲ့WCDMAအသုံးပြုလို့ရမယ့်  ဟန်းဆက်တွေကအရောင်းသွက်နေပြီးတော့၊ GSMဖုန်းအတွက်ဟန်းဆက်တွေကတော့အရောင်းအေးနေတယ်လို့ ဖုန်းအရောင်းဆိုင်များမှတစ်ဆင့် သိရှိရပါတယ်။

    ဂျီအက်အမ်ဆင်းကတ်တွေကို နောက်လများမှာ ဆက်လက် ရောင်းချပေးမယ်လို့ ကြေညာထားပေမယ့် လက်ရှိမှာ တန်ဖိုးနည်း ဖုန်းတွေကို စောင့်စားနေကြတဲ့ သူတွေကတော့ ချပေးမယ့် စီဒီအမ်အေကိုပဲ ၀ယ်ကိုင်ရမလား စဉ်းစားနေပါတယ်။ ၁,၅ဝဝ တန် ကတ်က အလုပ်ဖြစ်ပါ့မလား၊့သုံးနိုင်တဲ့ဒေသ ကန့်သတ်မှုတွေက ကြေညာထားတာထက် ပိုဆိုးနေမလားလို့ စဉ်းစားသူလည်း ရှိပါတယ်။

နောက်ပိုင်းမှာ ချထားပေးမယ်ဆိုတဲ့ ဂျီအက်စ်အမ် ကတ်ကိုပဲ ဆက်လက် စောင့်ရမလားလို့လည်း တချို့က တွေးနေကြပါတယ်။

ရွက်စိမ်း ~ 
  -
 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved