မြို့မ တူရိယာအဖွဲ့ မနက်ဖြန် ရန်ကုန်မှာ ဖျော်ဖြေမယ်

Friday, April 5, 2013



မြို့မ တူရိယာအဖွဲ့ မနက်ဖြန် ရန်ကုန်မှာ ဖျော်ဖြေပါတော့မယ်။ ဘယ်ရုပ်သံလိုင်းကမှ ထုတ်လွှင့်မှာ မဟုတ်ကြောင်း ကြော်ငြာမှာ ဖော်ပြထားပါတယ်။

မြို့မ တူရိယာအဖွဲ့နဲ့ တွဲဖက် သီဆိုမယ့် သူတွေက ကိုမင်းနောင်၊ မောင်သိန်းဝင်း၊ သန်းမြတ်စိုး၊ ရန်ပိုင်စိုး၊ ရာဇာဝင်းတင့်၊ မန္တလေးသိန်းဇော်၊ ဖိုးသောကြာ၊ ဖိုးချစ်၊ ဇေယျာပြည့်ဖြိုး၊ ချစ်ကောင်း၊ စည်သူလွင်၊ ဘိုဘို၊ တင်တင်မြ၊ ညွှန့်ညွှန့်စိန်၊ ရီရီသန့်၊ ထား၊ ရတနာဦး၊ စိုးစန္ဒာထွန်း၊ အိအိချွန်၊ ပန်းအိဖြူတို့ ဖြစ်ပါတယ်။

“ဧပြီ ၆ ရက်နေ့မှာ ကိုမင်းနောင်နဲ့ ကိုသိန်းဝင်းတို့ကတော့ ကိုယ်ပိုင်သီချင်းတွေနဲ့ အစပိုင်းမှာ ဖျော်ဖြေမယ်။ သင်္ကြန် သီချင်းတွေ မြို့မဧည့်ခံ သီချင်းတွေကို အများဆုံးဆိုကြမှာပါ။ မြို့မ တေးဂီတအနေနဲ့ ဘယ်သီချင်းဖြစ်ဖြစ် တီးနိုင်တယ် ဆိုတာလည်း ပြချင်ပါတယ်” လို့ မြို့မ တူရိယာ အဖွဲ့က မန်နေဂျာ ဦးဇော်ဝင်းသန်းက ဧရာဝတီကို ပြောထားပါတယ်။

မြို့မ ဖျော်ဖြေပွဲအကြောင်း အကြိုသတင်းကို ဧရာဝတီက မေးမြန်းဖော်ပြထားတာ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved