လူကြီးတွေနဲ့ စကားပြောရာမှ စောဒကတက်လေ့ရှိသည့် ကလေးတစ်ယောက်ရှိ၏။
ထိုအခါမျိုးများတွင် သူ့အဖေက...
"မင်းက အဖေလား၊ ငါက အဖေလား" ဟု ဟောက်တတ်သည်။
အမေလုပ်သူနှင့် စကားပြောရာမှာ အထွန့်တက်မိသဖြင့်...
"မင်းက အမေလား၊ ငါက အမေလား" ဟု အပြောခံရပြန်သည်။
အစ်ကိုဖြစ်သူနှင့် ကျပြန်တော့လည်း ...
"မင်းက အစ်ကိုလား၊ ငါက အစ်ကိုလား" ဆိုပြီး အနိုင်ကျင့်ခံရသေးသည်။
တစ်ရက်ကျတော့ သူငယ်ချင်းတစ်ယောက်နှင့် ငြင်းကြခုန်ကြရာ ထိုကလေးငယ်က လူကြီးတွေရဲ့လေသံကို အတုယူပြီး ပြောလိုက်လေသည်။
"မင်းက သူငယ်ချင်းလား၊ ငါက သူငယ်ချင်းလား"
ဟာသ - Myanmar Online Tea Shop www.mmteashop.com ဓာတ်ပုံ - www.jpmagazine.com
ဧရာဝတီ Facebook / ဧရာဝတီ Twitter
0 comments :
Post a Comment