တောင်ကြီးရောက် ပုဂ္ဂလိက နေ့စဉ် သတင်းစာ နှစ်စောင်

Monday, April 1, 2013






ဧပြီ ၁ ရက်နေ့ ၊ နေ့လည် ပိုင်းတွင် တောင်ကြီးမြို့သို့ ပုဂ္ဂလိက သတင်းစာများဖြစ်ကြသည့် ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ နှင့် The Voice နေ့စဉ် သတင်းစာ တို့ရောက်ရှိလာပြီး ဈေးကွက်အတွင်း စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း Student Choice စာပေမှ ကိုမျိုး ကပြောဆိုသည်။

နေ့လည် ၂း၃၀ မိနစ်က ယခုသတင်းစာနှစ်စောင် လေယာဉ်ထုတ်ဖြင့် ရောက်ရှိလာကြောင်း တစ်စောင်လျင် ကျပ် ၂၀၀ ဖြင့် ရောင်းချလျက်ရှိနေကြောင်း၊ လူအများစိတ်ဝင်စားမှု သိပ်မရှိသေးကြောင်း၊ လပေး ဖတ်ရှုလျင်
တစ်လ ကျပ် ၄၀၀၀ ဖြင့် လက်ခံပေးနေကြောင်း၊ မိမိတို့ နယ်သတင်းများ ပါဝင်မှု မရှိပဲ ရန်ကုန်၊ မန္တလေး အစရှိသည့်မြို့ကြီးများ ရှိသတင်းများသာ ဇောင်းပေး ဖော်ပြထားသဖြင့်နောက်ပိုင်းတွင် သတင်းစာဖတ် ပရိတ်သတ်များ အနေဖြင့် စိတ်ဝင်စားမှု လျော့နည်းလာနိုင်ကြောင်း ယင်းက ထပ်မံပြောကြားသည်။

စာပေဖြန့်ချိရေး ပိုင်ရှင်တစ်ဦးက ပြောကြားရာတွင် မိမိတို့ အနေဖြင့် လေယာဉ်ထုတ်ဖြင့် တင်လျင် ငွေပိုကုန်ကြောင်းသည့်အတွက် ရန်ကုန် ယနေ့ထွက်လျင် နယ်ဒေသသို့မနက်ဖြန် ရောက်သာ  ဖြန့်ချီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

The Voice သတင်းစာ ဖတ်နေသူတစ်ဦးက ပြောကြားရာတွင်  အရင်ခေတ် သတင်းစာတွေလို ဆောင်းပါးများ၊ အခန်းဆက် ၀ထ္တုအသစ်များ ထည့်နိုင်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း ၊ မိမိတို့ နယ်ဒေသ သတင်းများအားလည်း ပဋိပက္ခဖြစ်မှ မျက်နာဖုံးတင် ဖော်ပြသည်ထက် နယ်သတင်းများပါ ထည့်နိုင်လျင် ပိုကောင်းမည်ဖြစ်ကြောင်း၊ အစိုးရ သတင်းစာတွင်ပင် နယ်သတင်းများ ဖော်ပြထားကြောင်း၊ ခေတ် နှင့်လျော်ညီသည့် စာရေးဆရာ ဦးကျော်ဝင်း ၏ ဆောင်းပါးများလို ဆောင်းပါးတွေ များများ ပါစေချင်ကြောင်း ပြောကြားခဲ့သည်။

တောင်ကြီးတွင် ဂျာနယ်လက်ပွေ့ရောင်းသက်တမ်း (၅) နှစ်ရှိ မောင်အောင်စိုး ကပြောရာတွင် နေ့စဉ်သတင်းစာများ ထွက်ရှိလာတော့ လူတွေအနေဖြင့် နေ့စဉ်ဝယ်ရန် ခက်ခဲနိုင်မည်ဟု ထင်မြင်ကြောင်း၊ နောက်ပိုင်းနေ့စဉ် သတင်းစာများ အပြိုင်ဖြစ်လာလျင် ရောင်းအားများလျင် ၀ယ်လိုအား လျော့နည်းလာနိုင်ပါကြောင်း သုံးသပ်ပြောဆိုသည်။

နေ့စဉ်ထုတ် သတင်းစာများ ထွက်ရှိလာသော်လည်း မြန်မာ့အလင်း၊ ကြေးမုံ၊ မြ၀တီ အစရှိသည့် သတင်းစာများ စာဖတ်ပရိသတ်ထံသို့ ပုံမှန်ပို့နေရကြောင်း သတင်းစာပို့သူ ကိုလင်းထိန်က ပြောသည်။

သတင်းနှင့် ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း (တောင်ကြီး)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved