နိုင်/ကျဉ်းဟောင်း ဆရာတော် ဦးဇ၀န ကျောက်ကပ်ခွဲစိပ်မှု ခံယူ

Friday, April 26, 2013

နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဇ၀နသည် ကျောက်ကပ်တလုံး ထုတ်ပစ်ရန်အတွက် ယနေ့ နံနက် ၁၀ နာရီ ကျော်က ထိုင်းနိုင်ငံချင်းမိုင်မြို့ ( MAHARAJ ) မဟာရခ်ျ ခေါ် စုန်ထောင် သံဃာ့ 
ဆေးရုံကြီး တွင် ယနေ့ ဧပြီလ ၂၆ ရက် နေ့ နံနက်ပိုင်းက ခွဲစိပ်မှု ခံယူတယ်လို့ သိရပါတယ်။

 ယမန်နေ့က သံဃာ့ဆေးရုံပေါ်တွင်တွေ့ရသည့် ဆရာတော် ဦးဇ၀န၊ ဓာတ်ပုံ- ဧရာဝတီ

ဘယ်ဖက်ကျောက်ကပ်တခုမှာ လုံးဝ အလုပ်မလုပ်တော့လို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကလည်း လေဆာ
ဖြင့် ကျောက်ကပ် ကို ခွဲ စိပ်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကောင်းမွန်လာခြင်းမရှိဘဲ ညာဖက်
ကျောက်ကပ် ပါ ပျက်ဆီးမည့်အရေး ဆရာဝန်တွေ က စိုးရိမ်လို့ ယခုလို ကျောက်ကပ်တလုံးကို ထုတ်လိုက်ရတာ ဖြစ်တယ်လို့ ဦးဇ၀န၏ တပည့် အရှင် ဂုဏ က ဧရာဝတီ ကို မိန့်ပါတယ်။ 

“ခွဲစိပ်ခန်းကို   ဒီမနက် ၁၀ နာရီကျော်က ၀င်သွားပါပြီ။ ၃ နာရီလောက် ကြာမယ်ပြောတယ်” ဟု သူက မိန့်သည်။ 

 ဦးဇ၀န ကျောက်ကပ်ခွဲစိပ်မှု ခံယူနေသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မဟာရာ့ခ်ျ ဆေးရုံ

ဆရာတော် ဦးဇ၀န ၏ ပထမအကြိမ် ကျောက်ကပ်ကို လေဆာဖြင့်ခွဲစိပ်မှုခံယူစဉ်က နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထိုင်းဘတ်ငွေ ၂ သောင်း ၁ ထောင် ကူညီခဲ့တယ်လို့ သိရပါ တယ်။ 

ဆရာတော် ဦးဇ၀နသည် ရန်ကုန် အင်းစိန်၊ သာယာဝတီ၊ တောင်ငူ စတဲ့ အကျဉ်းထောင်တွေမှာ နှစ်ပေါင်း ၁၇ နှစ်ခန့် နိုင်ငံရေးအကျဉ်းသားအဖြစ် နေထိုင်ခဲ့ရသူဖြစ်ပါတယ်။ 


ဘယ်ဖက်ကျောက်ကပ် ကို ခွဲစိပ်ထုတ်ပစ်ခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဇ၀န၏ ခွဲစိပ်မှု အောင်မြင်ကြောင်း ထိုင်း စံတော်ချိန် ညနေ ၃ နာရီခွဲက ဆေးရုံမှ တာဝန်ရှိ ဆရာဝန်တဦး က အတည်ပြု ပြောပါတယ်။

သို့သော်လည်း မေ့ဆေး မပျယ်သေး၍ နောက်ထပ် ၂ နာရီ အနည်းဆုံး အထူးကြပ်မတ်စောင့်ကြည့်နေ တယ်လို့ သိရပါတယ်။


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved