စစ်ကိုင်းတောင်က စက္ခုအလင်းအတွက် ကုသပေးနေမှု

Tuesday, April 23, 2013

စစ်ကိုင်း တောင်ရိုး (၀ါးချက်) ဇီဝိတဒါန သံဃာ့ဆေးရုံကြီးတွင် သြစတြေးလျနိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဂျတ်ဖရီကွန်း လာရောက် မျက်စိကုသရေးများ ဆောင်ရွက်ပေးလျှက် ရှိသည်။ 



စစ်ကိုင်း တောင်ရိုး (၀ါးချက်) ဇီဝိတဒါန သံဃာ့ဆေးရုံကြီးတွင် မျက်စိခွဲစိတ်ရန် စောင့်ဆိုင်းနေကြသူများ၊ ဓာတ်ပုံ- မန်းသားလေး

မျက်စိ အထူးကုသရေး အစီစဉ်ကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ကာ ၂၇ ရက်နေ့အထိ ဆောင်ရွက်ပေးသွား မည် ဖြစ်သည်။ 

မန္တလေး၊ လားရှိုး၊ မြစ်ကြီးနား တောင်ကြီး နှင့် စစ်ကိုင်းနယ်ရှိ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များ အများဆုံးလာရောက်ကုသလျှက် ရှိသည်။ 

ခွဲစိတ်ကုသသည့် အစီစဉ်ကို ဧပြီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့ အထိ နေ့စဉ် နံနက် ၈ နာရီ မှ မွန်းတည့် ၁၂ နာရီထိ၊ မွန်းတည့် ၂ နာရီမှ ညနေ ၄ နာရီထိ ကြိုတင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ပေးလျှက်ရှိ သည်။ 



မျက်စိ ခွဲစိတ်ဖို့ လိုအပ်သည့်လူနာများကို ယင်းဆေးရုံတွင် တစ်ရက်ကြို တက်ရောက်ပြီး နိုင်ငံခြား ပါရဂူများကိုယ်တိုင် ခွဲစိတ်မှုများ ပြုလုပ်ပေးလျှက် ရှိသည်။ 

ခွဲစိတ်ကုန်ကျစရိတ်များမှာ.....
လူနာမှတ်တမ်း စာအုပ် စမ်းသပ်ခ - ၁၅၀၀ ကျပ် 
ရောဂါရှာဖွေရေးနှင့် ဓါတ်ခွဲ စစ်ဆေးခ - ၁၀၀၀၀ ကျပ် 
မျက်စဉ်းနှင့် စားစေး - ၁၂၅၀၀ ကျပ် 
မျက်စိအတွင်းတိမ် (L.o.l) တစ်လုံး ခွဲစိတ်ခ ၄၅၀၀၀ ကျပ် 
စုစုပေါင်း ၆၉၀၀၀ ကျပ် ကုန်ကျမည် ဖြစ်သည်။ 

မျက်စိခွဲစိတ်ကုသမှုနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဆေးရုံဖုံး ၀၇၂ - ၂၂၀၃၄၊ ၀၉၊ ၆၄၆၃၆၉၉ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ 


မန်းသားလေး ~

သတင်းနှင့် ဓါတ်ပုံ - မန်းသားလေး။ ပုံစာ -

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved