ဒီတပတ် ဆွေးနွေးဖို့ ဖိုရမ်

Wednesday, April 3, 2013



ဒီတပတ် ဧရာဝတီမှာ ဆွေးနွေးဖို့ ဖိုရမ်ကတော့ “မြန်မာပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးမှာ ဘာပြဿနာတွေ ရှိနေလဲ” ဖြစ်ပါတယ်။

တိုင်းပြည် ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ အရေးကို ဖော်ဆောင်နေချိန်ဖြစ်တဲ့ အခုလိုကာလမှာ ဖြစ်ပေါ်လာတဲ့ ဆူပူမှုတွေဟာ တိုက်ဆိုင်မှုလို့ ထင်ပါသလား ….

နောက်ကြောင်းပြန်လှည့်ချင်သူ တချို့ရဲ့ နောက်ကွယ်က ကြိုးကိုင်မှုတွေ ရှိနိုင်လား ….

လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ဖြိုခွင်းရာမှာတောင် လက်နက်တွေ သုံးခဲ့တဲ့ရဲတွေဟာ မိတ္ထီလာမြို့ မီးဟုန်းဟုန်း တောက်လောင်ပြီး သတ်ဖြတ်နေကြချိန်မှာ ဆူပူသူတွေကို ဘာကြောင့် အင်အားသုံးဖြိုခွင်းမှု မပြုတာလဲ ….

ပဲခူးတိုင်းအထိ ပြန့်လာတဲ့ ဆူပူမှု၊ အကြမ်းဖက်မှုတွေကို ထိမ်းသိမ်းရာမှာ လက်ဦးမှု မရှိခဲ့တာတွေ၊ အားနည်းချက်တွေ ရှိနေခဲ့တဲ့အပေါ် ဘယ်လို မြင်ကြသလဲ ….


စတာတွေကို ဆွေးနွေးဖို့ လမ်းကြောင်းပေးထားပါတယ်။ ဒီနေရာမှာ သွားရောက် ဆွေးနွေးနိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved