ဆင်းကတ်တခု ၁၅၀၀ ကျပ်နဲ့ ရောင်းပေးမယ်

Wednesday, April 3, 2013

CDMA 800 MHZ ဖုန်းကတ်တကတ်လျှင် ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလ ၂၄ ရက်နေ့ စတင်ရောင်းချမည်။ 

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက CDMA 800 MHZ ဖုန်းကတ်တကတ်လျှင် မြန်မာကျပ်ငွေ ၁၅၀၀ ဖြင့် ဧပြီလ ၂၄ ရက်နေ့မှ စတင်ရောင်းချမည်ဖြစ်ကြောင်း အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြားက ယခု သတင်း ထုတ်ပြန်ကြေညာနေပြီဖြစ်သည်။ 


ငွေကျပ် ၁၅၀၀ တန် CDMA 800 MHZ ဖုန်းများကို ပြည်နယ်/တိုင်းအစိုးရ အဖွဲ့များ၏ စီစဉ်ကြီးကြပ်မှု ဖြင့် သာ ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားက စာတန်းထိုး သတင်းထုတ်ပြန်လျက်ရှိသည်။ 

Update News -တန်ဖိုးနည်းဖုန်း

-CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွင် WCDMA 3G ဖုန်းများ ချထားပေးမည်။

-နောက်လများတွင် GSM 2.5 G၊ WCDMA 3G ဖုန်းများကိုလည်း ၁၅၀၀ ဖြင့် ချထားပေးမည်။

-ဖုန်းကတ်တွင် ငွေကျပ် ၃၀၀ ပါရှိမည်။ ငွေကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်ထည့်သွင်းအသုံးပြုရမည်။ တလလျှင် အနည်းဆုံး ၂၅၀၀ အသုံးပြုရမည်။

-ဖုန်းပြောဆိုခများမှ ရရှိသည့် ၀င်ငွေဖြင့် ကွန်ရက်နှင့် စက်ပစ္စည်းများ ထပ်မံ တပ်ဆင်သွားမည်။

-မှောင်ခိုဈေးကွက်ကာကွယ်ရန် ဖုန်းကတ်ကို ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။

-ဖုန်းပြောဆိုခသည် ခေါ်ဆိုခ ၅၀ ကျပ်ဖြစ်ပြီး ဖုန်းအ၀င်ပေးရန် မလိုဟု သိရှိရသည်။ (ဧရာဝတီ၏ သီးခြား စုံစမ်းချက်ဖြစ်ပါသည်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved