စစ်အရာရှိကြီးဟောင်းတချို့ရဲ့ သားသမီးတွေ ဘယ်လို ရမ်းကားနေလဲ

Saturday, April 20, 2013

မြန်မာစစ်တပ် အရာရှိကြီးတွေနဲ့ အငြိမ်းစား အရာရှိကြီးတွေရဲ့ သားသမီးတချို့ဟာ မိဘတွေရဲ့ အရှိန်အ၀ါ ကို အသုံးချပြီး အုပ်စုဖွဲ့ အနိုင်ကျင့်ရမ်းကားမှုတွေ ရန်ကုန်မြို့မှာ မကြာခဏ ဖြစ်ပွားနေပြီး၊ ည အချိန် မတော်မှာလည်း လောင်းကြေးနဲ့ ကားပြိုင်မောင်းတာ၊ တာဝန်ကျ အစိုးရ၀န်ထမ်းတွေကိုပင် ရိုင်းပြစွာ အနိုင်ကျင့်မှုတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့က လူငယ်တွေအကြား ပြောဆိုနေကြတယ်။ 


ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံဘေးရှိ ၃၆၅ ကော်ဖီဆိုင် (ဓာတ်ပုံ – tripadvisor.co.uk)

ဒီအထဲကမှ သင်္ကြန်မတိုင်ခင်လေး ဦးပိုင် ညွှန်ချုပ်ဟောင်း ဗိုလ်ချုပ်ဟောင်း ၀င်းလှိုင်နဲ့ လယ်/ဆယ်ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်တို့ရဲ့ သားတွေက ရန်ကုန်မြိ့လယ်က ၃၆၅ ကော်ဖီဆိုင်မှာ ကင်ဒို ဓားနဲ့ ရန်စ မရှိဘဲ ခုတ်လို့ ဒဏ်ရာတွေ ရသွားကြတာက နောက်ဆုံးအဖြစ်တခုလို့ ပြောရမှာပါ။ 

ဒီအကြောင်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ လင်းသန့် ရေးသား ထားတဲ့ ဗိုလ်ချုပ်ဟောင်း သားများ လက်ချက်ဖြင့် လူငယ် နှစ်ဦး ဓားဒဏ်ရာရ  ဆိုတဲ့ သတင်းမှာ သွားရောက် ဖတ်နိုင်ပါပြီ။

2 comments :

  1. Anonymous said... :

    လူမိုက်သားရမ်းကား

  1. အဲဒီလို ကောင်တွေကိုတော့ အခုအစိုးရ ကဘာမှမလုပ်ဘူး လား ဒါကိုကြည့် ရင် ဒီမိုကရေဆီ အစစ်မဖြစ်သေးဘူး အရင် အငြိမ်စားလူမိုက် ကြီးတွေကို ကြောက်နေရတုန်းပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved