သင်္ကြန်ကာလ ဈေးချိုချိုနဲ့ လေယာဉ်စီးကြမယ်

Wednesday, April 3, 2013

သင်္ကြန်ကာလမှာ ပရိုမိုးရှင်းတွေက များတယ်။ ဒီအထဲက ခရီးသွားတာနဲ့ သက်ဆိုင်တဲ့ အထူး ပရိုမိုးရှင်တခု ကတော့ ဈေးချိချိုနဲ့ လေယာဉ်စီးကြလို့ ရတာပါဘဲ။ 

ဓာတ်ပုံ-mot.gov.mm

ဒီကနေ့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ သင်္ကြန်အထူးအစီအစဉ် အဖြစ် မန္တလေး- ရန်ကုန် ခရီးစဉ် လေယာဉ်လက်မှတ် တစောင်ကို ကျပ်ငွေ ၃၅၀၀၀ နဲ့ ရောာင်းချပေးနေပါတယ်တဲ့။ 

မြန်မာ့လေကြောင်းလိုင်းက မတ်လ ၁၄ ရက်ကနေ ဧပြီလ ၁၃ ရက်အထိ ပရိုမိုးရှင်း ကာလ သတ်မှတ်ပြီး ကျပ် ၄ သောင်းခွဲနဲ့ ရောင်းချပေးနေရာက အခု အထူးအစီအစဉ်အရ မတ်လ ၂၄ ရက်နေ့က စတင်ပြီး လက်မှတ် တစောင်ကို ကျပ် ၃ သောင်းခွဲနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်တဲ့။ 

အထူးလျှော့ဈေးနဲ့ မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်တွေကို မြန်မာ့လေကြောင်း ( မန္တလေး ရုံးခွဲ) မှာ မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ ၀ယ်ယူနိုင်ပါပြီတဲ့။ 

မြန်မာ့လေကြောင်း စီးပြီး ရန်ကုန်နဲ့ မန္တလေး သင်္ကြန်တွေကို အလည်သွားလိုသူတွေအတွက် သတင်းကောင်း တခုပေါ့။ 



အိမ့်သံစဉ် ~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved