ပစ်မှတ်

Friday, April 12, 2013



တပ်မတော်နေ့ ချီတက်လာတဲ့ စစ်ရေးပြ စစ်ကြောင်းကြီးတွေနဲ့အတူ ဒီနှစ်တော့ တမူထူးခြားစွာနဲ့ 'မြေပြင်မှ မြေပြင်ပစ်' ဒုံးပျံတွေလည်း ပြသလာပါတယ်။

ဒါကို စိတ်ဝင်စားနေတဲ့ သတင်းထောက်တယောက်က စစ်အရာရှိကြီးတဦးကို ချဉ်းကပ်မေးမြန်း ပါတော့တယ်... ...
"ဒီဒုံးပျံတွေပစ်ဖို့ စစ်သည်အင်အား ဘယ်လောက်သုံးရပါလဲ"
အရာရှိကြီးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ဖြေတယ် ... ...
" ၂ ယောက် "
"နည်းလှချည်လား"
"ဟုတ်တယ်၊ တယောက်က ပစ်ဖို့၊ နောက်တယောက်က CNN TV က သတင်းကြည့်ဖို့”
"ဘာ့ကြောင့် CNN TV က ကြည့်ရတာတုံး"
"ဟ ... ဒါမှ ပစ်လိုက်တဲ့ ဒုံးပျံ ဘယ်နားကျလဲ သိမှာပေါ့ကွ"... တဲ့။

(ပြောဖို့ ကျန်သွားတယ်ဗျို့၊ အဲဒါ အီရန်မှာပါ… ….)




အားလုံး နည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ … 
သန်၎ကို

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved