လွှတ်တော်တွေက လက်မခံဘူး ဆိုတာ ဘာတွေလဲ

Sunday, April 7, 2013

နေပြည်တော်မှာ ရောက်နေကြတဲ့ ခေတ်သစ် လူရည်ချွန်တွေကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ယမန်နေ့က တွေ့ဆုံခဲပါတယ်။ 

အဲဒီလို တွေ့ဆုံရာမှာ  လက်ရှိ လွှတ်တော်ဟာ ပြည်သူ့ အကျိုး၊ နိုင်ငံ့အကျိုးကို စေတနာနဲ့ ဆောင် ရွက်နေ တာ ဖြစ်ပြီး နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေကို လျစ်လျူ ရှုပြီး ခွဲခြား ဆက်ဆံတာ အနိုင်အထက် ပြုကျင့်တာ၊ တရား ဥပဒေမဲ့ ပြုတာတွေနဲ့ပတ်သက်ပြီး လွှတ်တော်တွေ အနေနဲ့ လက်မခံ ရှုတ်ချကြောင်း ပြောဆိုခဲ့ပါတယ်။ 


ဒီလို ပြောဆိုမှု အပြည့်အစုံကို ယနေ့ ထုတ် ကြေးမုံသတင်းစာမှာဖော်ပြထားပြီး မြန်မာနိုင်ငံရဲ့ လွှတ်တော်
တွေ ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးထားချစ်မြတ်နိုးတဲ့ အသွင် တွေ့ရပါတယ်။ 



လွှတ်တော်များ အနေနဲ့  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့အတွက် အနှစ်သာရရှိတဲ့ လုပ်ဆောင်ချက်များကို ပို၍ ပို၍ ဖော်ဆောင်သွားမည်ဆိုပါက မြန်မာဟာ ကမ္ဘာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် တချိန် က နာမည်ပျက်ခဲ့သလောက် နာမည်ကောင်းတွေ ရလာစရာ ရှိပါတယ်။ 

ဒီအတွက် မြန်မာနိုင်ငံသားဖြစ်ရတာကိုလည်း ဂုဏ်ယူစရာအဖြစ်ကို ရောက်ကြရမှာပါ။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved