သမ္မတ ဦးသိန်းစိန် တရုတ်ပြည်ကို ရောက်ပြီ

Saturday, April 6, 2013

သမ္မတ ဦးသိန်းစိန်ဟာ ယမန်နေ့က တရုတ် ပြည်သူ့ သမ္မတ နိုင်ငံကို ဘိုအောဖိုရမ် အစည်းအဝေး တက်
ရောက်ဖို့နဲ့ ချစ်ကြည်ရေး အလည်အပတ်ခရီး အဖြစ် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်မှ မြန်မာ့
လေကြောင်းနဲ့ ထွက်ခွာသွားရာ ဟိုင်နန်ပြည်နယ် စန်းယမြို့ကို နေ့ခင်းပိုင်းမှာ ရောက်သွားပါပြီ။ 

 သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ဟိုင်နန် ပြည်နယ် အစိုးရ အဖွဲ့နဲ့ မြန်မာသံရုံး အရာရှိတွေက စန်းယ လေဆိပ် မှာ လာရောက်ကြိုဆိုကြစဉ်။ ဓာတ်ပုံ- ကြေးမုံ 

သမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် စန်းယမြို့၊ MGM Grand ဟိုတယ်မှာ တည်းခို မှာဖြစ် ကြောင်း နိုင်ငံပိုင် ကြေမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved