ဝန်ထမ်းလောက၊ မြန်မာ့တပ်မတော် စတဲ့ အကြောင်းအရာများကို ရေးသားလေ့ရှိတဲ့ မိုးဇေညိမ်းရဲ့ Facebook စာမျက်နှာ အဆက်မပြတ် တိုက်ခိုက်ခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဟက်ခံလိုက်ရတဲ့အတွက် ထပ်ဖွင့်လိုက်တဲ့ စာမျက်နှာသစ်ကလည်း ဒီကနေ့ပဲ အဟက်ခံလိုက်ရတာပါ။
နောက်ဆုံး ဟက်ခံရတဲ့ ဖေ့စ်ဘုတ် လိပ်စာကတော့ http://www.facebook.com/pageofmoezaynyein ဖြစ်ပါတယ်။
အဲဒါကို ဒီမနက်မှာပဲ ကြည့်လို့ရနေပါသေးတယ်။ ပရိသတ် တထောင် စွန်းစွန်းရှိတဲ့ စာမျက်နှာ ဖြစ်ပါတယ်။
လတ်တလော အခြေအနေကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတခု http://www.facebook.com/kmoezaynyein မှာ အခုလို ရေးထားတာ တွေ့ပါတယ်။
ကျွန်တော့်ရဲ့ အကောင့်သစ်နဲ့ Page အသစ်လည်း စောစောလေးကပဲ ထပ်ပျက်သွားပါပြီ။ ပြန်လည်ရနိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။ လောလောဆယ်တော့ သူငယ်ချင်းတစ်ယောက်က သူ့အကောင့်ပေးလို့ နာမည်ပြောင်းပြီး အသုံးပြုပါမယ်။ ဒီနေ့တော့ စိတ်လေပါတယ်ခင်ဗျာ။
မိုးဇေညိမ်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ Facebook ကလည်း အခုလို မှတ်ချက်ပြုထားပါတယ်။
"ဖောင်ဒါဂျီးရဲ့ အကောင့်နဲ့ ပေ့ခ်ျက ထပ်ပျက်သွားပြန်ပြီတဲ့ ..."
မြန်မာ Facebook လောကမှာ ထင်ရှားသူများထဲက တဦးဖြစ်တဲ့ မိုးဇေညိမ်း ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို မသိရသေးပါ။
ရန်ကုန်အခြေစိုက်တွေလို့ ယူဆရတဲ့ ဟက်ကာများရဲ့ လက်ချက်ကြောင့် အထင်ကရ ၀က်ဆိုက်တချို့လည်း ဒေါင်းသွားခဲ့ဖူးပါတယ်။
မြန်မာတို့ရဲ့ Facebook စာမျက်နှာတချို့လည်း ဟက်ကာတို့ရဲ့ ပစ်မှတ် ဖြစ်နေပါပြီ။
ကိုယ့်ရဲ့ Facebook ကို တယောက်ယောက်က ထိုးဖောက်ပြီဆိုရင် Facebook ဆီက သတိပေးစာ ရောက်လာမှာပါ။
Moon ဆိုတဲ့သူရဲ့ Facebook ကို တစုံတယောက် ၀င်ရောက်ဖို့ ကြိုးစားနေကြောင်း Facebook ရဲ့ သတိပေးစာကို နမူနာအနေနဲ့ ဖော်ပြလိုက်ပါတယ်။
ဟက်ကာတွေ ထိုးဖောက်ရလွယ်တဲ့ အကောင့် မဖြစ်အောင် ကိုယ့် password ကို ပိုမိုစိတ်ချရအောင် စီစဉ်သင့်ပါတယ်။
ဧရာဝတီ Facebook / ဧရာဝတီ Twitter
0 comments :
Post a Comment