Messenger သတင်းစာမှာ နာရေးကြော်ငြာ အခမဲ့ ထည့်နိုင်မယ်

Wednesday, April 17, 2013

ထွက်လာတော့မယ့် Messenger သတင်းစာမှာ နာရေးကြော်ငြာ အခမဲ့ ထည့်နိုင်ပါတယ် တဲ့။သတင်းစာကို ရှေ့လ ၇ ရက်နေ့မှာ စတင် ထုတ်ဝေမယ်လို့ ဆိုတယ်။
အဲဒါကတော့ ဒီကနေ့ ဖြန့်တဲ့ 
Messenger  ဂျာနယ်မှာ တွေ့ရတဲ့ ကြော်ငြာ ဖြစ်ပါတယ်။

သင်္ကြန်ကာလမှာ ရန်ကုန်အခြေစိုက် ဂျာနယ်တွေ ၁ ပတ်၊ ၂ ပတ် နားကြတာပါ။
ဒီလိုနားချိန်မှာ
Messenger က ဒီကနေ့ နှစ်ဆန်းတရက်နေ့မှာ  ထွက်လာပါတယ်။ 

ဒါကြောင့် ဒီကနေ့ ဂျာနယ်/သတင်းစာ လက်ပွေ့ရောင်းသူတွေရဲ့ လက်ထဲမှာ
Messenger  ဂျာနယ်ကို အများဆုံး တွေ့ကြရမှာပါ။

တနေ့က အမေရိကန်မှာ ဖြစ်တဲ့ ဗုံးကွဲမှု အကြောင်း ဖောင်ပိတ်သတင်းတွေကိုလည်း ဓာတ်ပုံများနဲ့တကွ ဝေေ၀ဆာဆာ ထည့်သွင်းထားပါတယ်။
Messenger ဂျာနယ် အွန်လိုင်း http://www.messengernewsjournal.com/ မှာလည်း ဂျာနယ်တွေ ဒေါင်းလုတ် လုပ်နိုင်တာ တွေ့ရမှာပါ။ ထွက်လာမယ့် သတင်းစာများကိုတော့ ဒေါင်းလုတ် လုပ်နိုင်ခွင့်ရဖို့ အလားအလာ ရှိမရှိ မသိရပါ။

သူ ကြေညာထားသလိုပါပဲ .... အထင်ကရ သတင်းဂျာနယ်တစောင်ဖြစ်တဲ့ 
Messenger က သူ့ပြိုင်ဘက်များနည်းတူ သတင်းစာလောကထဲ ရောက်လာပါတော့မယ်။

အပြိုင်အဆိုင် အရှုံးခံပြီး ထုတ်ကြမယ့်ထဲမှာ ဖတ်လို့ကောင်းတာတွေက ဘယ်သတင်းစာတွေ ဖြစ်မလဲ ဆိုတာကတော့ မကြာခင်လတွေအတွင်း သိကြရမှာဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရန် -

 
   ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved